ရန်ကုန်တိုင်းဒေသကြီး

ကမာရွတ်မြို့နယ် စာဖတ်ရှိန်မြင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီ၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် မြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နယ်လှည့်စာကြည့်တိုက်စာအုပ်ငှားရမ်းခြင်း၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန် နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်၌သဘာဝရေပြင်(လှိုင်မြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေ ရှစ်သိန်းရှစ် သောင်းငါးမျိုးစိုက်ထည့်ပေး

ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများရေရှည်စားသုံးနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ကျွန်းငူကမ်းနားရှိ သဘာဝရေပြင်(လှိုင်မြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေ ရှစ်သိန်းရှစ် သောင်းကိုငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် ခေတ်လိုက်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဌာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်‌ ခေတ်လိုက်ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဌာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို ဩဂုတ်လ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီက အမှတ်(၂)ရပ်ကွက်ရှိ သာသနာ့‌ဝေယျာ ဝစ္စဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

လသာမြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ကျောင်းကျန်းမာရေးအတွက် ကျန်းမာရေးဦးစီးဌာန (သွားကျန်းမာ) ဦးဆောင်မှုဖြင့် အ.မ.က (၂) လသာကျောင်း၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ကျောင်းသား/သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတိုက်ပြီးနောက် လိုက်နာရမည့် After tooth brushing လေ့ကျင့်ခွင့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ဤလုပ်ငန်းများသည် ကျောင်းသား/သူများအား သွားကျန်းမာရေးအပါအဝင် အခြေခံကျန်းမာရေးအပေါ် စိတ်ဝင်စားမှု ပိုမိုရစေရန် ရည်ရွယ်ပါသည်။

သာကေတမြို့နယ်၌ စာဖတ်ရှိန်မြင့်တင်ရေး ကျပန်းစကားပြော ပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီချိန်က အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းသံလွင်ခန်းမ၌ ကျင်းပခဲ့သည်။

သင်္ဃန်းကျွန်းခရိုင် Community Centre ခန်းမတွင် ရုံးစာရေးသားနည်းသင်တန်း (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရုံးစာရေးသားနည်းသင်တန်းအမှတ်စဥ်(၁/၂၀၂၅)သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

ဒဂုံမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်ဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း (မြို့မ) ဦးဘလွင်ခန်းမတွင် လျှပ်စစ်စွမ်းအား၀န်ကြီးဌာန ၊ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပရေးရှင်းမှ အများပြည်သူလျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရထောက်ပံ့ပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ အာဟာရရက်သတ္တပတ်အခမ်းအနားအဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် အာဟာရများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။

သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၅/၂၀၂၅) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြနီ အသင်းခွဲ/တပ်ဖွဲ့တို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း(၅/၂၀၂၅)ဖွင့်ပွဲကို ဩဂုတ် ၁၈ ရက်နေ့ နံနက် ၉ နာရီက အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး