ရန်ကုန်တိုင်းဒေသကြီး

ဒေါပုံမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်၀မ်းပျက်၊ ၀မ်း‌လျှောရောဂါကာကွယ်ဆေး(Oravacs)များ စတင်တိုက်ကျွေး

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်၀မ်းပျက်၊ ၀မ်းလျှောရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်ရန်အတွက်၀မ်းပျက်၊ ၀မ်းလျှောရောဂါကာကွယ်ဆေး(Oravacs)တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်ကာ အခြေခံပညာ ကျောင်းများတွင် စတင်တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ကျောက်တံတားမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နေ့လယ်(၁၂)နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် (၆) သိန်းဝန်းကျင် လာရောက်ဖူးမြော်

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လအတွင်း ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် (၆) သိန်းဝန်းကျင် လာရောက်ဖူးမြော်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်စာစောင်များကို ငှါးရမ်းပေးခဲ့သည်။

ကမာရွတ်မြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကျောင်းကျန်းမာရေးအတွက် ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးဦးဆောင်၍ သွားကျန်းမာ၊ ကျန်းမာရေးဝန်ထမ်းမျာက အမှတ်(၂)အခြေခံပညာအလယ်ကျောင်း၌ ယမန်နေ့နံနက်ပိုင်းအချိန်က ကျောင်းသား/သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သွားတိုက်ပြီးနောက် လိုက်နာရမည့် After tooth brushing လေ့ ကျင့်ခွင့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည် ။

အလုံမြို့နယ် Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြော‌ပွဲကျင်းပ

အလုံမြို့နယ် Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်၌ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (မြို့မ ၃)၌ ကျင်းပသည်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း၊ အမှတ်စဉ် (၁၁၀) သင်တန်းဖွင့်ပွဲကျင်းပ

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၁၀)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁၇ ရက်နေ့ နံနက် (၈) နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ကော့မှူးမြို့နယ် မူလွန်(လာဝတီ)ကျောင်း၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (မူလွန်လာဝတီ) ကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲအား ကျင်းပခဲ့‌ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် စာဖတ်ရှိန်မြင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့်နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီ၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် မြို့နယ်ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ နယ်လှည့်စာကြည့်တိုက်စာအုပ်ငှားရမ်းခြင်း၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန် နေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး