ရန်ကုန်တိုင်းဒေသကြီး

သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် အာဟာရကျွေးမွေး

သန်လျင်ခရိုင် သန်လျင်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

လသာမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာ​​ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယမန်နေ့က လသာမြို့နယ် အမှတ်(၁)ရပ်ကွက် မူကြို(၆)ရှိ မြေညီထပ်ခန်းမ၌ ကျင်းပခဲ့ကြသည်။

သန်လျင်မြို့နယ် အ.လ.က ညောင်သုံးပင်ကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှုထမ်းရပ်ကွက်ရှိ အ.လ.က ညောင်သုံးပင်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကော့မှူးမြို့နယ် မူလွန်(ပတုပ်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိ‌စေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ‌ ယမန်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အခြေခံပညာမူလတန်း‌လွန်ကျောင်း (မူလွန်-ပတုပ်) ကျောင်း၌ အသိပညာ‌ပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ်တွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လသာမြို့နယ်တွင် ယ‌မန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်ဆေးရုံကြီးဝင်ပေါက်ရှေ့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ယင်းလုပ်ငန်းသည် မိုးရာသီအတွင်း များပြားစွာဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး၏ အရေးပါမှုကို အထူးအလေးထား၍ ကာကွယ်ရေးလုပ်ငန်းနှင့် ဆက်စပ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကြည့်မြင်တိုင်မို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အဖြစ် ငါးနှစ်အောက်ကလေးငယ်များအား အာဟာရဖွံဖြိုးရေး ဗီတာမင် A တိုက်ကျွေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စျေးကြီးအရှေ့ရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် မိခင်နို့တိုက်ကျွေးခြင်း၊ ငါးနှစ်အောက်ကလေးငယ်များအား အာဟာရဖွံဖြိုးရေး ဗီတာမင် A တိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန (Community Centre) ခန်းမတွင် ဩဂုတ် ၁၇ ရက်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် အ.မ.က (၁၁) ကျောင်း၌ ကျောင်းကျန်းမာရေးဆက်လက်ကွင်းဆင်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ဝန်ထမ်းများက အ.မ.က (၁၁) ကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ် ခုတင် ၁၀၀ ဆံ့ သွားနှင့် ခံတွင်းအထူးကုဆေးရုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးသူငယ်များအား ခွဲစိတ်ကုသပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ‌ထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇) အရှေ့ရပ်ကွက်အတွင်း ရှုခင်သာလမ်းရှိ ခုတင် ၁၀၀ ဆံ့သွားနှင့် ခံတွင်းအထူးကုဆေးရုံ(သာကေတ)တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသော ကိုရီးယားနိုင်ငံ Korea University Medicine မှ Mr Chang ဦးဆောင်သည့် ဆရာဝန်(၅)ဦး သူနာပြု(၂)ဦး စုစုပေါင်း(၇)ဦးသည် သွားနှင့် ခံတွင်းဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ပူးပေါင်း၍ ခွဲစိတ်ကုသရန်လျာထားသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးလူနာ(၂၈)ဦးအနက် (၈)ဦးအား ခွဲစိတ်ကုသမှုပေးလျက်ရှိကြောင်း သိရသည်။

ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ဟန့်တားကာကွယ်ရေး အခြေခံပညာကျောင်းများသို့ ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကိုကွင်းဆင်းတိုက်ကျွေးခြင်းဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ဟန့်တားကာကွယ်ရေး ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန် နေ့နေ့လယ်(၁)နာရီခွဲအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ(၇)နှစ်ထိ ကျောင်း သား၊ ကျောင်းသူများအား ကွင်းဆင်းတိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး