ရန်ကုန်တိုင်းဒေသကြီး

ကိုကိုးကျွန်းမြို့နယ်ရုံးတွင် ပုံပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်းတွင် ပုံပြောပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီ (၁) ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက  ဝေဘာဂီ (၁) ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ မိုးစပါး ဧက ၄၆၀၀၀ ကျော် စိုက်ပျိုးပြီးစီး

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးလျာထားဧကထက် ကျော်လွန် အောင်စိုက်ပျိုးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရာ သြဂုတ်လ (၁၆) ရက်နေ့အထိ မိုးစပါးလျာထားစိုက်ဧက ရှစ်သောင်းလေးထောင်ကျော်ရှိသည့်အနက် ဧကပေါင်း လေးသောင်းခြောက်ထောင်ကျော်ကို စိုက်ပျိုးပြီးစီးကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိပြီး သြဂုတ်လ (၁၆) ရက်နေ့က ရခိုင်ရိုးကြီးကျေးရွာအုပ်စုနှင့် ငှက်သိုက်ကျေးရွာအုပ်စုသို့ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၃) အခြေခံပညာထက်တန်းကျောင်းတွင် (၃၈) ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု ကလေးအထူးတရားပွဲ ဓမ္မသဘင်အခမ်းအနား ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်တွင်း ပြည်ပ (ပ) သုံးလုံးသာသနာပြုဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ဟောကြားတော်မူသည့် (၃၈) မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု ကလေးအထူးတရားပွဲကို ဩဂုတ် ၁၅ ရက်နေ့ နေ့လယ် ၁ နာရီအချိန် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ကန်သာယာခန်းမတွင် ကျင်းပခဲ့သည်။

ရွှေတိဂုံစေတီတော် ၁၃၈၇ ခုနှစ် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနား ကျင်းပ

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါတွင်းကာလ သီလခံယူပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် ကျင်းပခဲ့ရာ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ယောဂီသူတော်စင်များ တက်ရောက်ခဲ့ကြသည်။

စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက် ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း သတ်မှတ်စုရပ်နေရာများတွင် ရောင်းချပေးခဲ့ကြသည်။

ရန်ကုန်မြို့ သုဝဏ္ဏတွင် AYA BANK WOMEN’S FUTSAL LEAGUE 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

AYA BANK WOMEN’S FUTSAL LEAGUE 2025 ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ဆန်နှင့်ဆီ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်အတွင်းရှိ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်များမှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်များသို့ ဆန်နှင့်ဆီ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ မြို့နယ်ခန်းမတွင် ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး