ရန်ကုန်တိုင်းဒေသကြီး

သာကေတမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းအရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် GEC ပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်ပညာရေးချီးမြှင့်ငွေပေးအပ်ပွဲကို  သြဂုတ် ၁၇ ရက် နံနက် ၉ နာရီက သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြဝတီဆောင်၌ကျင်းပပြုလုပ်ရာ မြို့နယ်သမဝါယဦးစီးဌာနဦးစီးအရာရှိ၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ၊ ပညာရေးသမဝါယမအသင်းဝင်များ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ်အုပ်ချုပ်မှုဒါရိုက်တာဦးအောင်သန်း(ထက်/ပြငြိမ်း)နှင့်ဒေါ်မြင့်မြင့်စန်း (လယ်/ပြ)တို့က ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ အိမ်တွင်းမှုအတတ်ပညာတစ်ခုဖြစ်သော စက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။ 

စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ စာရေးဆရာမများ (Book Club)အဖွဲ့ဝင်များ စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာပေချစ်မြတ်နိုးသူစာရေးဆရာ၊ ဆရာမများ Book Club အဖွဲ့ဝင်များကစာဖတ်ရှိန်တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ လစဥ်ပုံမှန်စာဖတ်ဝိုင်းကို ယမန်နေ့နေ့လည်(၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ ကိုယ်၀န်‌ဆောင်မိခင်များနှင့် မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ် ဆက်လက်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ ရေး၀န်ထမ်းများက မြို့နယ်အတွင်းရှိ ကိုယ်၀န်ဆောင်မိခင်များနှင့် မွေးစမှအသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ဩဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တာမွေမြို့နယ်ရှိ ဂျီအီးစီပညာရေးဝန်ထမ်းများသမဝါယမအသင်းလီမိတက်၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊  နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ ဂျီအီးစီပညာရေးဝန်ထမ်းများ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၊  နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ကလည်း ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ အတွင်းရေကျော်ကျေးရွာအုပ်စု၊ လမုတန်းကြီးကျေးရွာအုပ်စုနှင့် အမှတ်(၃)ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၆)ရပ်ကွက်၊  ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အိမ်တွင်းမှုအတတ်ပညာတစ်ခုဖြစ်သော အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။ 

မင်္ဂလာဒုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ  ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် ဇီဝဆိုင်ရာအချက်အလက်များစိစစ်ကောက်ယူ၍ UID နံပါတ် ထုတ်ပေးခြင်းတို့ကို ယ‌နေ့ နံနက်ပိုင်းက ဘောလုံးကွင်းရပ်ကွက်၌ ဆောင်ရွက်‌သည်။

မင်္ဂလာဒုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက (၁၃၉၉) ဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန်အတွက် မိုးစပါးလျာထား ဧကပြည့်မီ‌အောင် စိုက်ပျိုးနိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရာ ယနေ့အထိ မိုးစပါးလျာထား စိုက်ပျိုးဧကပေါင်း တစ်ထောင်သုံးရာကျော်ကို ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုတရားသူကြီးချုပ်၏  (၂၉)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏  (၂၉)ကြိမ်မြောက်  လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး