ရန်ကုန်တိုင်းဒေသကြီး

တိုက်ကြီးမြို့နယ်တွင် သစ္စာပန်းစိုက်ပျိုးရောင်းချသူများ မိသားစုဝင်ငွေရရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းနှင့် ဥယျာဉ်ခြံများတွင် စီးပွားဖြစ်စိုက်ပျိုးထားသည့် သစ္စာပန်းများပေါ်ချိန် ခူးယူရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သစ္စာပန်းစိုက်ပျိုးသူ တစ်ဦးထံမှ သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့်  မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမူ၊ သားကောင်းမိခင်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်၌  မှတ်ပုံတင်ထားခြင်းမရှိသည့် တိုင်းရင်းဆေးများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မှတ်ပုံတင်ထားခြင်း မရှိသည့် တိုင်းရင်းဆေးများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချမှု၊ ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ညနေပိုင်းက မေဓာဝီဈေးအနီးရှိ  ဆေးဆိုင်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ကြည့်မြင်တိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတ ကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှုအသိဉာဏ်များ ပိုမိုရှင်သန်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁ဝ)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေပြည်ရတနာခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃)နာရီက ကျင်းပပြုလုပ်သည်။

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) သက်ကြီးဘိုးဘွားများအတွက် UID (Smart Cards)ကတ်များ မင်္ဂလာမြို့နယ်၌ အိမ်အရောက် ကွင်းဆင်း‌ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) သက်ကြီးဘိုးဘွားများအတွက် UID ကတ် (Smart Cards)များကို ယမန်နေ့ညနေပိုင်းက တိုးချဲ့ရပ်ကွက်သို့ အိမ်အ‌ရောက် (Home Service) ကွင်းဆင်းလျက်ဆောင်ရွက်ပေးခဲ့သည်။

ခရမ်းမြို့နယ် အ.မ.က(ရေတွင်းချောင်) မူလွန်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.မ.က( ရေတွင်းချောင် ) မူလွန်ကျောင်း၌  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သုံးခွမြို့နယ် ရှမ်းစု အ-ထ-က (ခွဲ) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

 “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်းနိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံ ကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ရှမ်းစုကျေးရွာ အ.ထ.က(ခွဲ) ကျောင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွက် အမျိုးသားစာပေဆု အဖွဲ့ငယ် (ဆန်ခါတင်အဆင့်) စိစစ်ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂ဝ၂၄ ခုနှစ် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန်အတွက် စိစစ်ရွေးချယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာအဖွဲ့ငယ် (ဆန်ခါတင်အဆင့်) အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မရမ်းကုန်းမြို့နယ်တွင် ပြည်သူ့နီတိ အသိ လူတိုင်းမှာရှိစေချင်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက (Book Club) စာပေချစ်သူများအဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာမ ညွန့်ညွန့်(ကလော) ရေးသားထားသည့် ထီးကလေးနှင့် အခြားဆောင်းပါး၊ ဝတ္ထုတိုများ စာအုပ်တွင် ပါဝင်သော “ပြည်သူ့နီတိအသိ လူတိုင်းမှာရှိစေချင်” ခေါင်းစဥ် ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး