ရန်ကုန်တိုင်းဒေသကြီး

ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၌ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၉) အခြေခံပညာမူလတန်းကျောင်းတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို သြဂုတ် ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါ အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း ခန်းမ၌ ကျင်းပသည်။

စမ်းချောင်းမြို့နယ် အမှတ် (၄) အ‌ခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၊  လူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း တော်၀င်ခန်းမ၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၊ လူငယ်စကားဝိုင်း၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာထက်တန်းကျောင်းတွင်(၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု ကလေးအထူးတရားပွဲ ဓမ္မသဘင်အခမ်းအနားပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်တွင်းပြည်ပ (ပ)သုံးလုံးသာသနာပြုဟိတဓရဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ ဟောကြားတော်မူသည့် (၃၈)မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာအထောက်အကူပြု ကလေးအထူးတရားပွဲကို ယမန်နေ့နံနက် ၉ နာရီက (ဆ)ရပ်ကွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမြတ်ခရေခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၄၀) အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၄၀)အခြေခံပညာ မူလတန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဒေါပုံမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ငလျင်ဘေးအန္တရာယ်ဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယ‌မန်နေ့နံနက် ၁၀ နာရီက အမှတ်(၆၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကြီးမှူး၍ ၄၅ ရက်ကြာဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၅)သင်တန်းဆင်းပွဲကိုယမန်နေ့နံနက် ၉ နာရီကအိုင်ကလောင်စံပြကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဖလား မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဖလား မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်)ရှေ့၌ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ရန်ကုန်-ပဲခူးလမ်းပိုင်း အမှတ်(၁၃)အစုန် DEMU လူစီးရထားအား ပြည်သူများနှင့်အတူ လိုက်ပါစီးနင်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများသည် ဩဂုတ် ၁၃ ရက် ညနေပိုင်းက ရန်ကုန်-ပဲခူးလမ်းပိုင်း အမှတ်(၁၃) အစုန် DEMU လူစီးရထားပေါ်တွင် စီးနင်းလိုက်ပါသည့် ခရီးသွားပြည်သူများနှင့်အတူ ရန်ကုန်ဘူတာမှ ဒါးပိန်ဘူတာအထိ ရထားလမ်းပိုင်းတစ်လျှောက် လိုက်ပါစီးနင်းသည်။

ပုဇွန်တောင်မြို့နယ် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲလှုပ်ရှားမှုများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်အား အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်‌ကောင်းမွန်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး