ပုဇွန်တောင်မြို့နယ် ကလေးစာဖတ်ခန်းတွင် ကလေးငယ်များအား ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲလှုပ်ရှားမှုများ ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်အား အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်စေရန်နှင့် ကာယ၊ ဉာဏစွမ်းရည် တိုးတက်ကောင်းမွန်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ဉာဏ်စမ်းစွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။