ရန်ကုန်တိုင်းဒေသကြီး

သန်လျင်မြို့နယ်၌ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းကြီးကြပ်၍ ဆရာ/ဆရာမများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား/သူများအား အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို သြဂုတ် ၁၁ ရက်နေ့ ညနေပိုင်းက အ.ထ.က မြို့ဟောင်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗီးရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ လူငယ့်ရေးရာကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ့်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ လူငယ်(၁၈)ဖွဲ့မှဥက္ကဋ္ဌများနှင့် လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ လူငယ်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်​တော်များ တက်ရောက်ကြသည်။

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် "လူငယ်ဖိုရမ်" ဆွေးနွေးပွဲကျင်းပ

၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် “လူငယ်ဖိုရမ်” ဆွေးနွေးပွဲကို သြဂုတ် ၁၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားအကြို ဉာဏစွမ်းရည်ပြိုင်ပွဲများ စတင်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သည် ရပ်ကွက်(၂၈)ရပ်ကွက်၊ ကျေးရွာ(၄)ရွာဖြင့် ဖွဲ့စည်းထားသော မြို့တစ်မြို့ဖြစ်ပြီး အခြေခံပညာကျောင်းပေါင်း (၂၀) ကျောင်းရှိပါသည်။

သုံးခွမြို့နယ်တွင် ရွေး​ကောက်​ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် YOUTH FORUM “Local Youth Actions For The SDGs And Beyond” “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့” အခမ်းအနားသို့ တက်ရ

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် YOUTH FORUM “Local Youth Actions For The SDGs And Beyond” “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့” အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။

တိုက်ကြီးမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဖလုံ)လှိုင်ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။

တိုက်ကြီးမြို့နယ်တွင် သန့်ရှင်းသောသောက်သုံးရေရရှိရေး တွင်းနက်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဖိုးခေါင်ကျေးရွာအုပ်စု၊ နန်းတော်ကုန်းကျေးရွာ၌ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် မြင့်မြတ်မွန်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည့် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေ၊ တာဝန်ခံ အင်ဂျင်နီယာနှင့် ကုမ္ပဏီမှတာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးသည်။

မှော်ဘီမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဉ် (၉) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အ-ထ-က (၁)ပညာရတနာခမ်းမ၌ ယမန်နေ့နံနက် (၉) နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ်(၉)အားစာတွေ့၊ လက်တွေ့ များကို မြို့နယ်ထွေအုပ်၊ လဝက၊ စည်ပင်၊ ပညာရေးနည်းပြများဖြင့် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အောင်မင်္ဂလာရပ်ကွက်တွင် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး