မှော်ဘီမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဉ် (၉) ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အ-ထ-က (၁)ပညာရတနာခမ်းမ၌ ယမန်နေ့နံနက် (၉) နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ်(၉)အားစာတွေ့၊ လက်တွေ့ များကို မြို့နယ်ထွေအုပ်၊ လဝက၊ စည်ပင်၊ ပညာရေးနည်းပြများဖြင့် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။