ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီပေးအပ်ပွဲအခမ်းအနားကို လှည်းကူးမြို့နယ်၊ အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်လည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်လည်းကောင်း၊ မှော်ဘီမြို့နယ်၊ မြန်မာ့ဆန်စပါးသုတေသနခန်းမတွင်လည်းကောင်း ဩဂုတ် ၉ ရက် နံနက်ပိုင်းက ကျင်းပသည်။

လှည်းကူးမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းတို့ကို ဩဂုတ်လ ၈ ရက်နေ့နံနက်ပိုင်းက စခန်းကြီးကျေးရွာအုပ်စု၊ ဘုရားသုံးဆူကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။

တိုက်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုက်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အောက်အလယ်ဘုတ်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်သည်။

သန်လျင်မြို့နယ်ရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ သီလဝါစက်မှုဇုန်ရှိ သောက်ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဩဂုတ် ၉ ရက် နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှအကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ၍တိုက်ပွဲရှောင်ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို အဖွဲ့ (၄)ဖွဲ့ခွဲပြီး ကျေးရွာအုပ်စု(၄)အုပ်စုသို့ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

ခရမ်းမြို့ မြို့မစျေးအတွင်းရှိဆေးဆိုင်များတွင် သတ်မှတ်ချက်အညီကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ခရမ်းမြို့မဈေးဝန်းအတွင်းရှိဆေးဆိုင်များတွင် သတ်မှတ်ချက်အညီကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ဩဂုတ်လ ၉ ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာနနှင့်တာ ဝန်ရှိသူများပူးပေါင်း၍  ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ပြည်မြို့နယ် "အောင်မြန်မာ"ရောင်းဝယ်ရေးသမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် အစုပေါ်အမြတ်ငွေပေးအပ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် "အောင်မြန်မာ" ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄- ၂၀၂၅ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် အသင်သားများထံ အစုပေါ်အမြတ်ငွေများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ အဆိုပါအသင်းခန်းမဆောင်၌ ကျင်းပရာ မြို့နယ်သမဝါယမဦးစီးဌာနမှတာဝန်ရှိသူများ၊ အသင်းဥက္ကဋ္ဌနှင့် အသင်းသူ/အသင်းသားများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဩဂုတ် ၉ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူးမြို့နယ်၊ တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

တွံတေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟောပြောပွဲ၊ လူငယ်ရေးရာအသိပညာပေးဟော​ပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် (၁ဝ)နာရီအချိန်က အ.မ.က မူလွန် (တလုတ္ထော်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

မှော်ဘီခရိုင်၌ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ဆန်နှင့်ဆီများပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၉ ရက် ညနေ ၅နာရီခွဲက မြန်မာ့ဆန်စပါးသုတေသနခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး