ရန်ကုန်တိုင်းဒေသကြီး

မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး၏ သက်တော် (၇၈) နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ကမ္ဘာ့သာသနာပြုဆရာတော် မဟာဇေယျသိဒ္ဓိ အဓိဌာန်ဆရာတော်ကြီး၏ သက်တော် (၇၈) နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ်ရှိ ဆရာတော်ကြီးတည်းထားတော်မူသော မဟာကျိန်သစ္စာရှင်ဘုရားကြီး၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား (ဧပြီ၊မေ၊ဇွန်) အတွက် တစ်ဦးလျင် ငွေကျပ် (၆၀,၀၀၀/-) နှုန်းဖြင့် ကွင်းဆင်းထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် နေရပ်အသီးသီးမှအကြမ်းဖက်ဖြစ်စဉ်များကြောင့်စွန့်ခွာ၍ ရောက်ရှိနေသောယာယီနေရပ်စွန့်ခွာပြည်သူများအား မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ခုနှင့်ကျေးရွာ(၅)ရွာတို့တွင် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့ အဖွဲ့(၅)ဖွဲ့ခွဲ၍ ထောက်ပံ့ငွေများထုတ်ပေးခြင်းကို အုပ်ချုပ်ရေးမှူးရုံးအသီးသီးတို့တွင် ယမန်နေ့ နံနက်(၉)နာရီ၌ ကွင်းဆင်းထုတ်ပေး လျက်ရှိသည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား (ဧပြီ၊မေ၊ဇွန်) အတွက် တစ်ဦးလျင် ငွေကျပ် (၆၀,၀၀၀/-) နှုန်းဖြင့် ကွင်းဆင်းထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် နေရပ်အသီးသီးမှအကြမ်းဖက်ဖြစ်စဉ်များကြောင့်စွန့်ခွာ၍ ရောက်ရှိနေသောယာယီနေရပ်စွန့်ခွာပြည်သူများအား မြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ခုနှင့်ကျေးရွာ(၅)ရွာတို့တွင် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့ အဖွဲ့(၅)ဖွဲ့ခွဲ၍ ထောက်ပံ့ငွေများထုတ်ပေးခြင်းကို အုပ်ချုပ်ရေးမှူးရုံးအသီးသီးတို့တွင် ယမန်နေ့ နံနက်(၉)နာရီ၌ ကွင်းဆင်းထုတ်ပေး လျက်ရှိသည်။

လှည်းကူးမြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ဆင့်ပွားသင်တန်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)တွင် ကျင်းပခဲ့သည်။

သုံးခွမြို့နယ် အစိုးရရေကန် ပန်းခြံဝင်းအတွင်း Interlock ခင်းခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၁)ရပ်ကွက် အစိုးရရေကန် ပန်းခြံဝင်းအတွင်း အရှည်ပေ (၃၅၀)အား ခြောက်ပေအကျယ် (Interlock) ခင်းခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာနေရသူများအား ယာယီဧပြီလ၊ မေလနှင့် ဇွန်လများ အတွက်တစ်ဦးလျှင် သုံးလစာ ငွေကျပ်ခြောက်သောင်းနှုန်း ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယနေ့ နံနက် ၉ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ဆက်လက်ပေးအပ်ခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန် (၃)ထပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ သက်ငယ်မုဒိမ်းပပျောက်ရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် သက်ငယ်မုဒိမ်းပပျောက်စေရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဘုရင်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ဝတ်မှုန်ဦး ရသဝတ္ထုတိုပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျင်းပ

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်စာရေးဆရာအသင်းနှင့် ညီမင်းအိမ်စာပေတို့ပူးပေါင်းဆောင်ရွက်သည့် ဆရာနေစိုးသော်စာပေ ရွှေရတုအထိမ်းအမှတ် ဝတ်မှုန်ဦး ရသဝတ္ထုတိုပြိုင်ပွဲ ဆုပေးပွဲနှင့်မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၄) ရပ်ကွက်ပုဂံလမ်းရှိ သာသနာ့ဓဇဓမ္မာရုံတွင် ကျင်းပပြုလုပ် ကြောင်းသိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ခရိုင်အဆင့်ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒဂုံမြို့သစ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဒဂုံမြို့သစ်ခရိုင်အမျိုးသမီးရာအဖွဲ့နှင့် ဒဂုံမြို့သစ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်(၃၈)ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး T.T.O ငွေရတုမင်္ဂလာခန်းမ၌  ကျင်းပသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး