ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာဒ့်မြို့တွင် ဇူလိုင်(၂၅)ရက်နေ့မှ ဩဂုတ်(၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အဆင့် Esports World Cup ပြိုင်ပွဲ၏ PUBG Mobile အားကစားနည်းတွင် မြန်မာနိုင်ငံကိုယ်စားပြု YG (Yangon Galacticos) အသင်းမှ အုပ်ချုပ်သူ/နည်းပြ အားကစားသမားစုစုပေါင်းအဖွဲ့ဝင်(၈)ဦး သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ချန်ပီယံဆုဖလားဆွတ်ခူးရရှိခဲ့ပြီး ယမန်နေ့ နံနက်(၁၁)နာရီ (၃၀)မိနစ်အချိန်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်နာယက ဦးရဲထွန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ E sports အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားအောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသား / ကျောင်းသူများနှင့် အားကစားဝါသနာရှင်ပရိသတ်များက အိုးစည်ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။