ရန်ကုန်တိုင်းဒေသကြီး

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန် အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်း(PMI)မှ အလှူငွေလှူဒါန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အင်ဒိုနီးရှားနိုင်ငံသံရုံးမှတဆင့် အင်ဒိုနီးရှားနိုင်ငံကြက်ခြေနီအသင်း(PMI) မှလှူဒါန်းသည့် အလှူငွေလှူဒါန်းပွဲကို ​ယမန်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့သည်။

ကျောက်တန်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ အ.မ.က မူလွန် (အနောက်ပိုင်း) တွင် ကျင်းပ

‎ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက်ရှိ အ.မ.က မူလွန်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန့်နေ မွန်းလွဲ(၁)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် သွားလာရခက်ခဲသူ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity ကတ်များ အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ကတ်များအား ကျွန်းတော်ရပ်ကွက်၊ ကျွန်းတော(၅)လမ်းရှိ အသက် ၉၀ အရွယ် ပညာရေးဝန်ထမ်းအငြိမ်းစား (၂) ဦးအား ဩဂုတ် ၅ ရက် နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ် အမက(ချဉ်ပေါင်ခြံ) မူလွန်ကျောင်းတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အမက(ချဉ်ပေါင်ခြံ) မူလွန်ကျောင်းတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အင်းစိန်မြို့နယ်၌ ကျောင်းစာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ဩဂုတ် ၅ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တွံတေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၅ ရက် နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် ကျန်းမာရေးမကောင်းသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric (UID)ကတ်များ အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့် ဦးဆောင်သောဝန်ထမ်းများက ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို ဇွန်လ ၂၁ ရက်နေ့မှစတင်၍ Biometric (UID) ကတ်များဆောင်ရွက်ပေးခဲ့ရာ ဩဂုတ် ၄ ရက်အထိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ၁၀၇ ဦးအား ဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် ကျန်းမာရေးမကောင်းသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အိမ်တိုင်ရာရောက် Biometric (UID) ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထက်တန်းအဆင့် အာဟာရအုပ်စု (၃)စု ချက်ပြုတ်နည်းပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထက်တန်းအဆင့် အာဟာရအုပ်စု (၃)စု ချက်ပြုတ်နည်းပြိုင်ပွဲကို တော်လန်းကျေးရွာ၊ အ.ထ.က ပညာရတနာခန်းမ၌ ဩဂုတ် ၄ ရက်က ကျင်းပြုပလုပ်ခဲ့ကြောင်း သိရသည်။

(၃၂) ကြိမ်မြောက် Trusty Pay Lucky Draw Live အခမ်းအနားဖွင့်လှစ်ပွဲ ကျင်းပ

Nature Link Pay Company Limited က ကြီးမှူးကျင်းပသည့် (၃၂) ကြိမ်မြောက် Trusty Pay Lucky Draw Live အခမ်းအနားဖွင့်လှစ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဆူလေးဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ The Eravati Sule Grand Hotel မှာ ကျင်းပသည်။

ဒေါပုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး