ရန်ကုန်တိုင်းဒေသကြီး

သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့၀င်များ၊ မြို့နယ်ထွေ/အုပ်၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းနှင့် UID ကတ်များ‌အား ရွှေပြည်သာမြို့နယ်၌ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဧကရီဖွားစောစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Women Club အဖွဲ့တို့ပူးပေါင်း၍ စာရေးဆရာမြသန်းတင့်ရေးသားသည့် ဧကရီဖွားစောစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးလုပ်ငန်းများကို ကြီးကြပ်အားပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)အဖွဲ့သည် ယမန်နေ့နေလယ် ၂ နာရီ ၁၅ မိနစ်အချိန်က ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးကိစ္စများအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သန်လျင်ခရိုင်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ (၂) ချပ်တွဲ (၆) လက်မရေတင်ပန့်နှင့် ဆိုလာ (၁၄) ချပ်တွဲ အနိမ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် သန်လျင်ခရိုင်အတွင်းရှိ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွ မြို့နယ်နှင့် ခရမ်းမြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ(၂)ချပ်တွဲ (၆) လက်မ ရေတင်ပန့်နှင့် ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ သီဟဒီပအားကစားကွင်းတွင် ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခေတ်မီဆန်စက်ကြီးများတွင် ဆိုလာစွမ်းအင် တိုးမြှင့်ထုတ်လုပ်သုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲနှင့် ရွှေဝါရောင်ဆန်စက်တွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲခြင်းဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပို့ကုန်တင်ပို့မှုအတွက် ကြိတ်ခွဲထုတ်လုပ်နေသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခေတ်မီဆန်စက်ကြီးများတွင် ဆိုလာစွမ်းအင်တိုးမြှင့်ထုတ်လုပ်သုံးစွဲနိုင်ရေး ရှင်းလင်းဆွေးနွေးပွဲနှင့် ရွှေဝါရောင်ဆန်စက်တွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲခြင်းဖွင့်ပွဲ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ရွှေဝါရောင်ဆန်စက်တွင် ကျင်းပသည်။

ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ (၂) ချပ်တွဲ (၆) လက်မရေတင်ပန့်နှင့်

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်ရှိ သမဝါယမအသင်းသား တောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့် တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder)၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မ ရေတင်ပန့်နှင့် ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားခန်းမတွင် ကျင်းပသည်။

တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်(၆)နာရီအချိန်မှစတင်ကာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်းထုတ်ပြန်ကြေညာခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရမ်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဉ်(၅) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ ဗြဟ္မစိုရ်ခန်းမတွင် ယမန်နေ့နံနက် ၉း၃၀ နာရီအချိန်က   မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းအပတ်စဥ်(၅)အား စာတွေ့၊ လက်တွေ့(၂)ပိုင်းခွဲ၍  ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများနှင့်ဘုန်း တော်ကြီးသင်ပညာရေးကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့‌ နံနက်ပိုင်းတွင် ဘုန်း‌တော်ကြီးသင်ပညာရေးကျောင်းများ၊ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး