ရန်ကုန်တိုင်းဒေသကြီး

တွံတေးမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်တွင် ၂၀၂၅ ခုနှစ် မိုးရာသီ ခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမွေးမြူရေးဇုန်၌ ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၇ နာရီခွဲက ဘူတာရပ်ကွက်၊ ဂျိုးဖြူဘောလုံးကွင်းရှေ့၌ ကျင်းပသည်။

သန်လျင်ခရိုင် မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်အားပေးချီးမြှင့်

သန်လျင်ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဓါတ်မြေသြဇာ၊ မျိုးစေ့ချကိရိယာ Drum Seeder ဆိုလာ(၂)ချပ်တွဲ(၆)လက်မရေတင်ပန့်၊ ဆိုလာ(၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက်ထောက်ပံပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် သန်လျင်ခရိုင် သန်လျင်မြို့ သီဟဒီပအားကစားခန်းမ၌ ကျင်းပသည်။

ဒလမြို့နယ်တွင် Bakery မုန့်အမျိုးမျိုး စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဥ်ဖြင့် Bakery မုန့်အမျိုးမျိုးစားသောက် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက် အလယကျောင်းတိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒလမြို့နယ်ရှိ သံဃာတော်များနှင့်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး

ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် မှော်စက်ရပ်ကွက်ရှိ မှော်စက်ဘုန်းတော်ကြီးကျောင်း၌  သံဃာတော်များနှင့်ဒေသခံပြည်သူများကို ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်မှစ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ဒဂုံတက္ကသိုလ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ဖြစ်ပွားသေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံတက္ကသိုလ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ဖြစ်ပွားသေဆုံးမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

အင်းစိန်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင်စား၀န်ထမ်းများအား Biometric Data ကောက်ယူနေမှုနှင့် UID ကတ်များ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပင်စင်လစာထုတ်ယူနေသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ကျိုက်အင်းအခြေခံပညာမူလတန်းလွန်ကျောင်းနှင့် လူနေအိမ်(၁၇၀)ကျော်တွင် ခြင်ဆေးမှုတ်ခြင်းဆောင်ရွက်

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျိုက်အင်းကျေးရွာ၌ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

လှည်းကူးမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဝါးနက်ကုန်းကျေးရွာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များတို့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒေါက်တာထွန်းမင်းနှင့်အဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာထွန်းမင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာ‌ကျော်ကံကောင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနွယ်နီလင်း (VBDC. Program Manger) တို့သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံးသို့ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ရောက်ရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး