၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အ-ထ-က(ကျောက်တံခါး)၊ အ-ထ-က (ပဲနွယ်ကုန်း)၊ အ-ထ-က(ဖဒို)နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယမန်နေ့ နံနက်(၆)နာရီအချိန်က ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၁၁၄၆ ဦးတွင် ၃၈၂ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။