ရန်ကုန်တိုင်းဒေသကြီး

ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား/ကျောင်းသူ (၂၅၈၀)ဦးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Pfizer Comirnaty JN1 (Orange cap) ထိုးနှံပေးခြင်းနှင့် စာသင်ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊‌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သွားနှင့်ခံတွင်း စစ်ဆေးကုသပေးခြင်း၊ ကျန်မာရေးအသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဉ်လမ်းညွှန်ပံ့ပိုးမှုဖြင့် မြို့နယ်ပြည်သူ့ကျန်မာရေးဌာနမှဦးဆောင်ကာ အရှိန်အဟုန်မြှင့် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တာမွေမြို့နယ်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အုန်းတောခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးညှိနှိုင်း 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရောဂါနှိမ်နင်းရေး)သည် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးကိစ္စများအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

တိုက်ကြီးမြို့နယ်တွင် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း အစီအစဉ်ဖြင့် ဆောင်ရွက် ခဲ့သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးပွားစေရေးရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့က တိုက်ကြီးကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားအား ယနေ့နံနက် ၉ နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် လူငယ်များကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရေးရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ‌ဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း(ထောက်ကြန့်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

မှော်ဘီနည်းပညာတက္ကသိုလ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ယာဉ်အန္တရာယ်ကင်းဝေးစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မှော်ဘီနည်းပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ ကလေးသူငယ်အသိပညာပေးဟော ပြောပွဲကျင်းပ

အလုံခရိုင်၊ အလုံမြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာန၊ အနာက်ပိုင်းခရိုင်ရုံးမှ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ခရိုင်အဆင့် ကလေး သူငယ်အသိပညာပေး‎ ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အလုံမူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

ကျောက်တံတားမြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ဆက်သယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်း(၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ကျောက်တံတား)၊ စကားဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး