ရန်ကုန်တိုင်းဒေသကြီး

ပန်းဘဲတန်းမြို့နယ် Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ‌ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး Community Centre ခန်းမ၌ ဇူလိုင် ၂၃ ရက်နံနက် ၁၀ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မူလတန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် မြို့နယ်အဆင့်အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မှော်ဘီပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမ၌ သွေးလွန်တုပ် ကွေးရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပန်းဘဲတန်းမြို့နယ်၊ အနောက်ပိုင်းခရိုင် GEC ဝန်ထမ်းများ ငွေစုငွေချေးသမအသင်းအရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အနောက်ပိုင်းခရိုင် GEC ဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။ 

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနည်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၁၀)နာရီအချိန်က တံတားမြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့်အသိပညာပေးဟော ပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက ခရမ်းမြို့ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်သာယာ-ဒလ-တွံတေးကားလမ်း ဘေးဝဲယာ မိုင်တိုင် ၆/၂ မှ ၇/ဝ အထိ ၂ဝ၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် စတုတ္ထအကြိမ် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တမံကြီးကျေးရွာအုပ်စု၊ မိုင်တိုင် ၆/၂ မှ ၇/ဝ အထိ၊ လှိုင်သာယာ-ဒလ-တွံတေးလမ်း၌ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစိုပြည်စေရေးအတွက် ၂ဝ၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် (ပဉ္စမအကြိမ်)အား တွံတေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၂၃ ရက် နံနက် ၈ နာရီ တမံကြီးကျေးရွာအုပ်စု၊ တွံတေး-လှိုင်သာယာကားလမ်းဘေး မိုင်တိုင် (၆/၂ မှ ၇/၀)တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော အသက်ကယ်အင်္ကျီများ ပေးအပ်ပွဲပြုလုပ်

ကိုကိုးကျွန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော အသက်ကယ်အင်္ကျီပေးအပ်ပွဲကို ဇူလိုင် ၂၂ ရက် နေ့လယ်ပိုင်းက ကိုကိုးကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် ​မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပရဟိတလုပ်ဆောင်သော ပြည်သူများအား ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ယူပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် အားကစားဝန်ကြီးဌာနတို့ပူးပေါင်း၍ ကိုယ်လုံပညာသင်တန်းဖွင့်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့  နေ့လယ် (၁၂)နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

ကိုကိုးကျွန်းမြို့နယ်ရုံးတွင် ပုံပြောပြိုင်ပွဲပြုလုပ် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ပုံပြောပြိုင်ပွဲပြုလုပ်ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် အတွင်းရှိ (ဃ) ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် (ဃ) ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး