ရန်ကုန်တိုင်းဒေသကြီး

လမ်းမတော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ဇူလိုင် ၂၂ ရက်နေ့က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီးအလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ဇူလိုင် ၂၂ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်း ဖွင့်လှစ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲကို ဇူလိုင်လ(၂၂)ရက်နေ့က ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မိုးရာသီကာလတွင် ကလေးငယ်များ၌ အများဆုံးဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းမှစ၍ သခင်ဘသောင်းရပ်ကွက်အတွင်းရှိ၊ လူနေအိမ်များအတွင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးရှင်းလင်းဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများအား အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ရပ်ကွက်အလိုက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လိုက်လံအသိပညာပေးဆောင်ရွက်လျက်ရှိသည်။

ကော့မှူးတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇူလိုင် ၂၂ ရက်နေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအားကျင်းပခဲ့‌ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးဝါး၊ ဆေးလိပ်နှင့် E-စီးကရက်အကြောင်း အသိပညာပေးဟောပြောဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ စီစဉ်ကျင်းပသည့် မူးယစ်ဆေးဝါး၊ စိတ်ကြွရူးသွပ်ဆေးဝါး၊ ဆေးလိပ်နှင့် E-စီးကရက်အကြောင်း အသိပညာပေးဟောပြော‌ဆွေးနွေးပွဲကို ဇူလိုင် ၂၂ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်”မှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့်လမ်းမီးတိုင်စီမံကိန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

“စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်” မှ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး၊ မသာကေတမြို့နယ်အတွက် ဆိုလာလမ်းမီးနှင့် လမ်းမီးတိုင်စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ်၊ (၁၀)မြောက်ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ U Energy သဘာဝဓာတ်ငွေ့စက်ရုံတွင် ကျင်းပသည်။

လှည်းကူး၊ မှော်ဘီနှင့် ထန်းတပင်မြို့နယ်များရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာများပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့် လှည်းကူးမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ထန်းတပင်မြို့နယ်ရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်ပွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မိုးစပါးစိုက်ပျိုးသည့်တောင်သူများသို့ ဓာတ်မြေဩဇာ၊ မျိုးစေ့ချကိရိယာ (Seeder) ၊ ဆိုလာ(၂)ချပ်တွဲ (၆)လက်မရေတင်ပန့်နှင့် ဆိုလာ (၁၄)ချပ်တွဲ အနိမ့်တင်ရေတင်စက် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအုပ်စုရှိ GBS ဝန်းအတွင်းရှိ ခန်းမတွင် ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ (ဃ)ရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်နိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ပူးပေါင်းအဖွဲ့က ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီအချိန်က (ဃ)ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး