ရန်ကုန်တိုင်းဒေသကြီး

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးရှင်းလင်း ဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများအား အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရေး အသိ ပညာပေးဟောပြောခြင်းကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူများက ရပ်ကွက်အလိုက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်လိုက် လံ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မိုးရာသီကာလတွင် ကလေးငယ်များ၌အများဆုံးဖြစ်ပွားတတ်သည့် သွေး လွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းမှစ၍ သခင်ဘသောင်းရပ်ကွက်အတွင်းရှိ၊ လူနေအိမ်များအတွင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။

ကိုကိုးကျွန်းမြို့နယ်တွင် ရေစီးရေလာကောင်းမွန်ရေးပုံမှန်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများမှ မြို့နယ်သန့်ရှင်းသာယာလှပစေရန်နှင့် မိုးရာသီကာလတွင် ရေစီးရေလာ ကောင်းမွန်စေရန် ဇူလိုင်လ ၂၂ ရက်နေ့နံနက် (၇း၃၀) အချိန်တွင် ကိုကိုးကျွန်းမြို့နယ် စည်ပင် သာယာအမှုဆောင်အရာရှိ ဦးပြည့်ဖြိုးမောင်နှင့် စည်ပင်ဝန်ထမ်းများ၊နယ်မြေခံတပ်မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မြို့ဝင်လမ်းဘေးနှင့် မြို့တွင်းမိန်းလမ်းဘေးရှိ ရေနုတ်မြောင်းအားချုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းအတွင်းရှိအမှိုက်များဆယ်ယူခြင်းများပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အဖျောက်ကျေးရွာ အ.မ.က(မူလွန်)ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဇူလိုင် ၂၁ ရက်နေ့ ညနေ ၄ နာရီ ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ အခြေခံမူလတန်းကျောင်း၌ဆောင်ရွက်နေကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်းအဖွဲ့ဝင်များက မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၂ ရက်နံနက် ၉ နာရီအချိန်က အမှတ်(၁)ရပ်ကွက်နှင့် အမှတ် (၃)ရပ်ကွက်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မိုးဦးရာသီ၌အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နေ့နံနက် ၈ နာရီအချိန်က အမှတ် ၃ရပ်ကွက်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း သုံးခွမြို့၌ ဆက်လက်ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၉နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID ကတ်များကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာများထုတ်ယူရာတွင်အဆင်ပြေစေရန်  (UID) Unique Identity ကတ်များဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်(၉)နာရီအချိန်က မြန်မာ့စီးပွား‌ရေးဘဏ်(ခွဲ)၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက်ပိုင်းက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အလုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ အလုံလမ်း၊ ခရိုင်တရားရုံး၌  ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး