ရန်ကုန်တိုင်းဒေသကြီး

မရမ်းကုန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လမ်းညွှန်ဦးဆောင်မှုဖြင့် မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၉ နာရီက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးအရှိန်အမြှင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သာကေတမြို့နယ် ကျောင်းပြင်ပသင်တစ်သက်သာပညာရေးစခန်းများသို့ ခရိုင်စီမံဥက္ကဋ္ဌကွင်းဆင်း၍ ရင်းရင်းနှီးနှီးတွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းဖွင့်လှစ်ထားရှိသော ကျောင်းပြင်ပသင်တစ်သက်တာပညာရေး(NFPE)နှင့်(NFME)စခန်းများသို့ ဇူလိုင် ၂၁ ရက်မွန်းလွဲပိုင်းက ဗိုလ်တထောင်ခရိုင်နှင့်သာကေတမြို့နယ်မှ တာဝန်ရှိသူများကွင်းဆင်း၍ မြို့နယ်ကြီးကြပ်ရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများကို ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးနှင့် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးနှင့် လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင် ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို  ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၉ နာရီအချိန် ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

သာကေတမြို့နယ်တွင် အဘိတ်ဆေး(Abate)ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် အဘိတ်ဆေး(Abate)ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး Dr စုစုလွင်နှင့် ဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံတက္ကသိုလ်တွင် အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်တွင် ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၁၀ နာရီအချိန်က အတွေ့အကြုံရှင်း လင်းပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။

တွံတေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဥာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့်ဂိမ်းကစားပြိုင်ပွဲများကိုဇူလိုင်လ ၂၂ ရက်နေ့နံနက် (၁ဝ)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး/အလယ်တန်းပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ပညာရေး၀န်ကြီးဌာနနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့တိုပူးပေါင်းဆောင်ရွက်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းပြင်ပမူလတန်းပညာရေး/အလယ်တန်းပညာရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ဒလမြို့နယ် ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန(ဟာမိုနီကိုယ်ပိုင်အထက်တန်း ကျောင်း)တို့ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်(၉:၃၀) အချိန်က ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ရွှေပြည်သာမြို့နယ်၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့်ခြင်ဆေးမှုတ်ခြင်းများ၊‌ ဈေးဆိုင်များ သန့်(၄)သန့်နှင့်ညီညွတ်မှုရှိ‌စေရန်စစ်‌ဆေးခြင်းတို့ကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၁၈)ရပ်ကွက်တို့တွင် ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး