ရန်ကုန်တိုင်းဒေသကြီး

ကျောက်တန်းမြို့(ပါဒ၀) အခြေခံပညာမူလတန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြော

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက(ပါဒ၀)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံ ကပ်စာစောင်၊ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သာကေတမြို့နယ် ရွှေမြန်မာရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၃/ရန်ပြေရပ်ကွက်၊ ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင် ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက အဆိုပါမြို့နယ် အမှတ် ၃ /ရန်ပြေရပ်ကွက်၊ ရန်ပြေလမ်းမကြီးနှင့် ရန်ပြေ ၂၂ လမ်းထိပ်ရှိ ရွှေမြန်မာရောင်းဝယ်ရေးသမဝါယမအသင်းပိုင် အဆောက်အဦ၌ကျင်းပရာ သာကေတမြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌဦးလှကြည်နှင့်တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ ရွှေမြန်မာရောင်းဝယ်ရေး သမဝါယမအသင်းအလုပ်အမှုဆောင်များ၊ အသင်းသားများ တက်ရောက်ခဲ့ကြသည်။

မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှဦးစီးကျင်းပသည့် ရှေးဦးပြုစုခြင်း(ခရိုင်အဆင့်)သင်တန်း၊ ရှေးဦးသူနာပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းရှိခန်းမတွင် ကျင်းပခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကွင်းဆင်းကောက်ယူခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

“လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းတို့ကို ယ‌နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်‌ပေးခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်လူရွယ်များ စာပေအသိပညာ ဖွံ့ဖြိုးစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မြဲစေ‌ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာကြီး အောင်သင်း ရေးသားသည့် “လူငယ်များသို့မင်္ဂလာပါ” စာအုပ်အား လူငယ်လူရွယ် စာပေဝါသနာရှင်များကို ဖိတ်ခေါ်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ   ဇူလိုင်လ (၂၀) ရက်နေ့က ဆတ်ကလေးကျေးရွာသို့ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အသင်းသားစုံညီ သင်းလုံးကျွတ် အစည်းအဝေး ကျင်းပ

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) နှစ်ပတ်လည်အသင်းသားစုံညီ သင်းလုံးကျွတ်အစည်းအဝေး(2025-AGM)ကို ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ အရှေ့မျဉ်းပြိုင်ကွင်းလမ်းရှိ Sky Star ဟိုတယ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား UID ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်၌ UID ကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့က  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်း ဆွေးနွေးပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး