ရန်ကုန်တိုင်းဒေသကြီး

တာမွေမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး ဟောပြောပွဲကျင်းပ

“ မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝကာကွယ်ကြ ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ် လေးများအနေဖြင့် မူးယစ်ဆေးဝါး၏ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ အဆိုပါ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာတက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် တပြည်သူမရွှေထားစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။

ကမာရွတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး COMIRNITY .JN .1 VACCINE ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြိုနယ်အတွင်းရှိ ပြည်သူများကို ကိုဗစ်ဆေး COMIRNATY .JN .1 ကာကွယ်ဆေးများ ထိုးနှံခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် မိသားစုများ ပြည်သူများအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(‌‌၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို  ယမန်နေနံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့သည်။

အိုလံပစ်နေ့အထိမ်းအမှတ် ကလပ်ပေါင်းစုံ မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲ ကျင်းပ

အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်အနေဖြင့် ၂၀၂၅ခုနှစ်၊ အိုလံပစ်နေ့အထိမ်းအမှတ် မျိုးဆက်သစ် မြန်မာ့ရိုးရာသိုင်းပြိုင်ပွဲကို ဇွန် ၂၁ ရက်နေ့မှဇွန် ၂၂ ရက်နေ့များတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ မြန်မာ့သိုင်းလေ့ကျင့်ရေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်း(၁၅)သင်းမှ အုပ်ချုပ်၊ နည်းပြ၊ ကစားသမား၊ စုစုပေါင်း(၁၇၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မှော်ဘီမြို့နယ်၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲနှင့် MRTV DTH စလောင်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက် များ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးဆွေးနွေးပွဲနှင့် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအားလှူဒါန်းသည့် MRTV  DTH စလောင်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်ဆင့်လှူဒါန်းပေးအပ်ပွဲကို ဇွန်လ ၂၃ ရက်နေ့နံနက်၉နာရီအချိန်က ညောင်ကုန်းကျေးရွာအုပ်စု၊ မြောက်ချောကုန်းကျေးရွာ "မျိုးမြန်မာ" စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ကျောက်တန်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို နံနက်(၁၀)နာရီတွင် အ.မ.က(ကရက်)ကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးနှင့်မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ၊  နံရံကပ် ဓါတ်ပုံပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်တွင် အင်းစိန်မြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်း ဝယ်ရေးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်  မူးယစ်ဆေးဝါးအန္တရာယ်လျော့ချရေးနှင့်မှုခင်းကျဆင်းရေးအသိပညာပေး နံရံကပ်ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲ၊ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အ.​ထ.က(၁)အင်းစိန်၊ ဧရာဝတီခန်းမတွင် ကျင်းပပြုလုပ်သည်။

လှည်းကူးမြို့နယ်၊ မီလာဂါးဒင်းစက်ရုံဝန်ထမ်းများအား တီဘီရောဂါ ရှိ၊ မရှိ အခမဲ့စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အောင်ဆန်းတီဘီရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာရဲမြင့်ထွန်း ဦးဆောင်သောအဖွဲ့နှင့် လှည်းကူးမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဇွန်လ ၂၃ ရက်နေ့ စ၍ လှည်းကူးမြို့နယ် မီလာဂါးဒင်းစက်ရုံရှိ ဝန်ထမ်းများအား တီဘီရောဂါ ရှိ/မရှိ စစ်ဆေး ကုသခြင်းကို အခမဲ့ကွင်းဆင်းကုသပေးကြောင်း သိရသည်။

ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းပေါ်ရှိ အောင်သိဒ္ဓိချောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ မင်းဓမ္မလမ်းတစ်လျှောက် လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့်အပင်များ ခုတ်ထွင် ရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး