ရန်ကုန်တိုင်းဒေသကြီး

သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ သပြေညိုခန်းမတွင် ယမန်နေ့နံနက်၁၀နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စားသုံးဆီများရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအား စားသုံးဆီများရောင်းချခြင်းကို ဇွန်လ ၂၃ ရက်နေ့ နံနက်(၉)နာရီအချိန်ကစတင်၍  မြို့နယ်ကမာရွတ်ဘဏ်ခွဲတွင် ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်းသိရသည်။

ဗဟန်းမြို့နယ် ဂီတအစည်းအရုံး၏ ခန့်အပ်လွှာပေးအပ်ပွဲနှင့် ဂီတနေ့အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်များ ခန့်အပ်လွှာပေးအပ်ပွဲနှင့် ဂီတနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ တာဝန်ရှိသူများ၊ မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အလုံမြို့နယ်၌ အသိပညာပေးကဗျာများအား သင်ကြားရှင်းလင်း ရွတ်ဖတ်လေ့ကျင့်ပေးခြင်း ဆောင်ရွက်

အလုံမြို့နယ်၌ အသိပညာပေးကဗျာများအား သင် ကြားရှင်းလင်း ရွတ်ဖတ်လေ့ကျင့်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့်ဓာတ်မြေဩဇာ အရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီက တိုက်ကြီးမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ဈေးဆိုင်များကို ကွင်းဆင်းစစ်ဆေးသည်။

ဒလမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာ‌စောင်ပြပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉:၃၀) အချိန်က လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ်ဈေးကွက်အတွင်း Siginal သွားတိုက်ဆေးအတုများ တင်သွင်းရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရမ်းမြို့နယ်အတွင်းတွင် Siginal သွားတိုက်ဆေးအတုများ တင်သွင်းရောင်းချခြင်းမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက်(fire safety certificate)(FSC) သက်တမ်းတိုးဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ဆင်ကန်လမ်းမကြီးဘေး၊ Apex စက်သုံးဆီအရောင်ဆိုင်အား မီးဘေးလုံခြုံရေး စစ်ဆေးထောက်ခံချက်(fire safety certificate(FSC)သက်တမ်းတိုးဆောင်ရွက်ခြင်းကို ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့သည်။

သဘာဝဘေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းဌာနနှင့်ဂျာမဏီနိုင်ငံ ကိုလုံးတက္ကသိုလ်တို့ပူးပေါင်းဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေ​ခံပညာအထက် တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

တွံတေးမြို့နယ်တွင် တောင်သူနည်းပညာပေးဆွေးနွေးပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူများအား စိုက်ပျိုးရေးနည်းပညာဆွေးနွေးပွဲကို ဇွန်လ ၂၃ ရက်နေ့နံနက် ၁၀ နာရီအချိန်က တမံကြီးကျေးရွာအုပ်စု၊ ရွှေဘိုစုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး