မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ကြီးကို အစဉ်အလာမပျက်ကျင်းပသွားမည်ဖြစ်ပြီး၊ ယခုနှစ်တွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် လွတ်လပ်ရေးရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အနီးရှိ စခန်းသာလမ်းတွင် စတုဒိသာ အကျွေးအမွေးများ၊ ဖျော်ဖြေပွဲများဖြင့် သင်္ကြန်အကျနေ့ နံနက် ၈ နာရီမှစ၍ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရောက်ရှိခဲ့ပါက ဂူဘုရားသုံးဆူ တွဲလျက်တည်ဆောက်ထားသည့် ဘုရားတည်ဆောက်ပုံ ဗိသုကာပညာနှင့် လက်ရာမြောက်စွာ ရေးဆွဲထားသည့် နံရံပန်းချီများကို လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွားဘုရားဖူး၊ လေ့လာရေးရောက်ရှိခဲ့ပါက မင်းနန်းသူကျေးရွာ၊ အနီးရှိ ဂူဘုရားသုံးဆူတွဲလျက် တည်ဆောက်ထားသည့် ဘုရားတည်ဆောက်ပုံ ဗသုကာပညာရပ်နှင့် လက်ရာအလွန်မြောက်စွာ ရေးဆွဲထားသည့်၊ နံရံပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများထံက သိရသည်။

မိတ္ထီလာမြို့နယ်၌ သရက်သီးနှံ (GAP) နှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ သရက်သီးနှံ (GAP) နှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ တောင်သူနည်းပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မိတ္ထီလာဥယျာဉ်ခြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေကြာအင်းကျေးရွာ၌ ဒေသခံတောင်သူများ စီးပွားဖြစ်စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများ   အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ပြည်သူများအား အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေး

ပျော်ဘွယ်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ တရားစခန်းဝင်ရောက်နေသည့် သံဃာတော်များ၊ သက်ကြီးဘိုးဘွားများအား အပူဒဏ်ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ရွှေပြည်ရန်လုံရပ်ကွက်ရှိ မင်္ဂလာအောင်မြေ တရားစခန်းရိပ်သာ၌ ဆောင်ရွက်ပေးခဲ့ကြသည်။

မန္တလေးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပမည်

‎‎မန္တလးမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဆူးကုန်းအုပ်စု၊ အရှေ့အေးမြသာစည် ရပ်ကွက်၌ ယနေ့နံနက် ၉ နာရီက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။

မြစ်သားမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးသတ္တမနေ့ ကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကို ဧပြီလ ၁၀ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တရားသူကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၈၃ ဦး တက်ရောက်ကြသည်။

မိတ္ထီလာမြို့တွင် လမ်းလျှောက်သင်္ကြန်အတွက် ပြင်ဆင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှု ဖြင့် မိတ္ထီလာမြို့၂ဝ၂၆ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင်ထည့်သွင်းကျင်းပမည့် လမ်းလျှောက်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်သည့်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး