ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်လူနေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ မီးသတ်စခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာ ပြီဖြစ်ပါသဖြင့်မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက ရပ်ကွက်လူနေအိမ်များ၊ စက်ရုံအလုပ်ရုံများ၊ မီးသတ်စခန်းများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်သည်။