မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ရေဆေးပန်းချီပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ရေဆေးပန်းချီရေးဆွဲတတ်စေရန်ရည်ရွယ်၍ ရေဆေးပန်းချီပြိုင်ပွဲကို  ဧပြီ ၈ ရက် နံနက် ၉  နာရီက  မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ကျင်းပသည်။

မိတ္ထီလာမြို့နယ် ညောင်ပင်သာ ကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း( (RBF) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်  ကျေးရွာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ညောင်ဇောက်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအား(RBF)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ‌‌ ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံငွေလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပသည်။

လမ်းလျှောက်သင်္ကြန်ပြုလုပ်မည့်  ပုဂံမြို့ဟောင်းသရပါတံခါးအဝင်လမ်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြတ်သန်းမှုပိတ်ထားမည်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းအတွင်း ကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း အကြိုနေ့မှစတင်ကာ သရပါတံခါးအဝင်လမ်းမှ ဗူးဘုရားလမ်းထိပ်အထိ လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်မည်ဖြစ်ရာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီမွန်းထံက သိရသည်။

၂ဝ၂၆ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်

၂ဝ၂၆ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၉ရက် ညနေပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များတက်ရောက်ကြပြီး ပုသိမ်ကြီးမြို့နယ်အသင်းနှင့် မိတ္ထီလာမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြပြီး မိတ္ထီလာမြို့နယ်အသင်းက ပုသိမ်ကြီးမြို့နယ်အသင်းကို လေးဂိုး - သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

အောင်မြေသာစံမြို့နယ်ကျန်းမာရေးဦးစီးဌာနက အပူဒဏ်ကာကွယ်ရေးပညာပေး 

မန္တလေး အောင်မြေသာစံမြို့နယ်အတွင်းရှိ နန်းတော်ရှေ့ဈေး၊ ဆရာစံဈေးနှင့်ညောင်ပင်ဈေးတို့တွင် ပြည်သူလူထုအား အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များ ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များနှင့်ဓာတ်ဆားထုပ်များဝေငှခြင်းနှင့် ပိုစတာများချိတ်ဆွဲခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ကြသည်။

အမရပူရမြို့နယ်၌ နွေစပါးစိုက်တောင်သူများအား သွင်းအားစုထောက်ပံ့

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စုရှိ   အဆင့်မြင့်လယ်ယာ ဧက ၁၅၀  ကွင်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၈ နာရီက နွေစပါးစိုက် တောင်သူများအား အဆင်ပြေချောမွေ့စေရန်  ပြည်ထောင်စုရန်ပုံငွေဖြင့်  ဧက ၂၃၀၀ အတွက် ကွန်ပေါင်းဓာတ်မြေသြဇာ အိတ် ၂၃၀၀ နှင့် ယူတီယားဓာတ်မြေသြဇာ အိတ် ၂၃၀၀ သွင်းအားစု များထောက်ပံ့ ပေးအပ်သည်။

အမရပူရမြို့နယ်၌ ထူးချွန်တံဆိပ်များပေးအပ်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ် ၌ ယနေ့ နံနက် ၉ နာရီခွဲက အမရပူရမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဂုဏ်ထူး​ဆောင်ဘွဲ့တံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ကျင်းပသည်။

ငါန်းဇွန်မြို့နယ်၌ ကြက်သွန်နီစိုက် တောင်သူဦးကြီးများ ဈေးကောင်းရ 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွင်း ကြက်သွန်နီဥများ တစ်ပိဿာလျှင် ဒေသပေါက်ဈေး ကျပ် ၂၀၀၀ နှုန်း ဈေးကောင်းရရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်ဆောက်လုပ် 

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၁၃၈၈ ခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့၏ ဦးဆောင်မှုဖြင့် ဗဟိုမဏ္ဍပ်ကို ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ တံတားဦး - မြို့သာသွားကာလမ်း မြို့နယ်ခန်းမရှေ့တွင် ဆောက်လုပ်လျက်ရှိရာ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြကြောင်းသိရသည်။ 

မြစ်သားမြို့နယ်၌ ရေဆေးပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ ‌နွေရာသီကျောင်း ပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များမြင့်မားတိုးတက်လာစေ ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့်ရေဆေး ပန်းချီ (အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ ၉ ရက် နံနက် ၁၀ နာရီက‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး