မန္တလေးတိုင်းဒေသကြီး

မိတ္ထီလာမြို့တွင်  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ပြိုလဲပြတ်ကျခြင်း၊‌ လူနေအိမ်တချို့နှင့် ဈေးဆိုင်ခန်းတချို့ထိခိုက်ပျက်စီးမှုဖြစ်ပွား

မိတ္ထီလာမြို့တွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများပြိုလဲပြတ်ကျခြင်း၊ လူနေအိမ်တချို့နှင့်ဈေးဆိုင်ခန်းတချို့ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ပွားခဲ့ကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ငန့်ဇင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအဝင် ဆိုင်းဘုတ်လဲကျပျက်စီး

ပျော်ဘွယ်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ဝါးရင်းတုတ်ကျေးရွာအုပ်စု၊ ငန့်ဇင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းအဝင်ဆိုင်ဘုတ်မှာ ဧပြီလ ၇ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က လဲကျပျက်စီးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်​ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ဧပြီ ၇ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးရှိသည့်အနက် (၇၁)ဦး တက်ရောက်သဖြင့် ၉၈ ဒသမ ၆၁ ရာခိုင်နှုန်း တက်ရောက်ကြသည်။

သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ဧပြီ ၇ ရက်နံနက်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်သည်။

ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၌ စားသုံးဆီများ စည်းကမ်းချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရေး ဆွေးနွေး

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင် ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော စားသုံးဆီဖြန့်ဖြူးမှုဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက စားသုံးသူရေးရာ ဦးစီးဌာန ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ ကျင်းပသည်။

ပျော်ဘွယ်မြို့နယ်၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်နှင့် ဓာတ်ဆားထုတ်များ အခမဲ့ဖြန့်ဝေ

ပျော်ဘွယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြို့နယ်အတွင်းရှိပြည်သူများ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်နှင့်ဓာတ်ဆားထုတ်များ အခမဲ့ဖြန့်ဝေခြင်းကို ဧပြီ ၇ ရက် နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာဈေး၌ ဆောင်ရွက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၌ အပူဒဏ်အန္တရာယ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်က အောင်စံရန်အေးဓမ္မာရုံ၌ ဆောင်ရွက်သည်။

ကျောက်ဆည်မြို့နယ်၌ နနွင်းတစ်ဧကလျှင် နနွင်းတက်အစို ပိဿာ ၄၀၀၀  ထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ နှံစားပြောင်း၊ ပြောင်းဖူး၊ ဆီထွက် သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ငရုပ်၊ ချည်မျှင်ရှည်ဝါ၊ ငှက်ပျော၊ သရက်၊ ကွမ်း၊ ရှောက်၊ သံပရာ၊ နနွင်း စသည့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယာမြေအချို့၌ နနွင်းသီးနှံများစိုက်ပျိုးထားရှိကြောင်းနှင့် စပါယ်တောကျေးရွာ တောင်သူ ဦးကျော်မင်းစိုက်ပျိုးထားသော နနွင်းစိုက်ခင်းအား တူးဖော်ရာ တစ်ဧက နနွင်းတက်အစို ပိဿာ ၄၀၀၀  ထွက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း၌ ရပ်ကွက်လူနေအိမ်များနှင့် CP ကြက်သားနယ်စက်ရုံတွင် မီးဘေးဟောပြောသရုပ်ပြ ပြုလုပ်

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်း‌ခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ယနေ့နံနက်ပိုင်းက စတင်၍ ရပ်ကွက်လူနေအိမ်များနှင့် CP ကြက်သားနယ်စက်ရုံတွင် မီးဘေးဟောပြော သရုပ်ပြပြုလုပ်ခဲ့သည်။ 
Subscribe to မန္တလေးတိုင်းဒေသကြီး