မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဘုရားဖူးရောက်ရှိခဲ့ပါက ရှင်အဇ္ဇဂေါဏ ဘုရားတည်ဆောက်ပုံဗိသုကာပညာနှင့် နံရံပန်းချီများကို လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွားဘုရားဖူး၊ လေ့လာရေးရောက်ရှိခဲ့ပါက မင်းနန်းသူကျေးရွာအနီးရှိ ရှင်အဇ္ဇဂေါဏဘုရား တည်ဆောက်ပုံ၊ နံရံပန်းချီများနှင့် ကျောက်စက်ပန်းဆွဲများကို လေ့လာနိုင်ကြောင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများထံက သိရသည်။

ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ ၁၅ အမ်ဗွီအေထရန်စဖော်မာအား Cu; Bus Bar များ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်

ဝမ်းတွင်းမြိုနယ်၌ ၃၃/၁၁ ကေဗွီ (၂၀+၁၅) အမ်ဗွီအေ ဝမ်းတွင်းထပ်ဆင့်ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာအား ဓာတ်အားဆက်သွယ်မှု စနစ်ကျစေရေး ပျက်စီးဆုံးရှုံးမှုမရှိစေရေးနှင့် ခွဲရုံကြံ့ခိုင်မှုရှိစေရေးအတွက် ၃၃/၁၁ ကေဗွီ ၁၅ အမ်ဗွီအေထရန်စဖော်မာအား Cu; Bus Bar များ တပ်ဆင်ခြင်းလုပ်ငန်းကိုယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးပဉ္စမနေ့ ကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ် အတည်ပြု

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ဧပြီလ ၆ ရက် ယနေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးရှိသည့် အနက် (၇၂)ဦးတက်ရောက်သည့်အတွက် ရာနှုန်းပြည့် တက်ရောက်ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ကိုရယူသည်။

မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံတွင် အပူဒဏ်အန္တရာယ်ဖြစ်ပေါ်ပါက  ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးပြင်ဆင်ထား

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ပူပြင်းသည့် နွေရာသီကာလသို့ ရောက်ရှိပြီဖြစ်သဖြင့် အပူဒဏ်အန္တရာယ်ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်တတ်သောရောဂါများအား မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသသောလူနာများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြင်းခြံမြို့ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

တောင်သာမြို့၌ ငွေကြေးဖြင့်နိုင်ငံထူထောင်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန  မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဧပြီ ၆ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာ မြို့နယ်ဝန်ထမ်းများပူးပေါင်း၍ စာရေးဆရာ ဝီလျှံအောင်၏ ငွေကြေးဖြင့် နိုင်ငံထူထောင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပသည်။

ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့်ဖြစ်ပေါ်သော ရောဂါများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်ပြင်ဆင် 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ဖြစ်ပေါ်သောရောဂါများဖြင့် ပြည်သူ့ဆေးရုံသို့ရောက်ရှိလာသော လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးနှင့်ဆေးဝါးပစ္စည်းများ ကြိုတင်ဖြည့်တင်းပြင်ဆင်ထားရှိခြင်း၊ နေရာချထားပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ အပူဒဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်း လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခြင်း၊ အပူဒဏ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများအား ကြိုတင်ပြင်ဆင်ထားရှိခြင်းများကို ၂၀၂၆ ခုနှစ် ဧပြီ(၆)ရက် နံနက်((၈)နာရီက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမိုးအောင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ကြောင်း သိရသည်။

မြစ်သားမြို့ပြည်သူ့‌ဆေးရုံ၌ အပူဒဏ်‌ကြောင့် ဖြစ်တတ်‌သောရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်စီစဉ်‌ထား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့  ပြည်သူ့ဆေးရုံတွင် ဧပြီ  ၄ ရက်က စတင်ပြီးအပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများအတွက်  လာရောက်ပြသသည့်လူနာများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာအားကြိုတင် စီစဉ်ထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်  ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီ ဖူလုံ ပိုလျှံရေး နွေနှမ်းသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းသေချာသည့် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိရာ စပါယ်တောကျေးရွာ တောင်သူဦးမျိုးမင်း၏ ဦးပိုင်အမှတ် (၅၅/၄)၊ ကွင်းအမှတ် (၃၁-ခ)၊ ၂ ဒသမ ၅ ဧက၌ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးဆီဖြန့်ဖြူးမှုဆိုင်ရာတွေ့ဆုံပွဲ ကျင်းပ

စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော စားသုံးဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဥ်းကာ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဧပြီ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး