မန္တလေးတိုင်းဒေသကြီး

သာစည်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်၌   မြို့နယ်သံဃာ့နာယကဆရာတော်ကြီး များ၏ ကြီးကြပ်မှုဖြင့် ၂၀၂၆ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို အမှတ်(၃)ရပ်ကွက်ရှိ၊ နှစ်ကျိပ်ရှစ်ဆူ ကျောင်းတိုက်စာဖြေဌာန၌ မတ် ၃၀ ရက် မွန်းတည့် ၁၂ နာရီက ဒုတိယနေ့ကစ္စည်းသဒ္ဒါကြီးဘာသာရပ် ဆက်လက်ဖြေဆိုလျှက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများက အချိုရည်နှင့် လှူဖွယ်ဝတ္ထုများ  ကပ်လှူသည်။

ပျော်ဘွယ်မြို့နယ် ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆိုကျင်းပ

မန္တလေးတိုင်းဒေကြီး၊ ပျော်ဘွယ်မြို့နယ်၌ သာသနာရေးဦးစီးဌာနမှကျင်းပသည့် ၂၀၂၆ ပါဠိပထမပြန်စာမေးပွဲကို ဖြေဆိုလျက်ရှိရာ မတ်လ ၃၁ ရက် နေ့လယ် ၁၂ နာရီက ရှမ်းပွဲရပ်ကွက်ရှိ မြို့နယ် ရာပြည့်သာသနာ့ဗိမာန်တော်တွင် ဆက်လက်ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဆင်း

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ မတ် ၃၁ ရက်နံနက်က အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲပြုလုပ်သည်။

ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲဖြေဆို

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့ မွန်းတည့် ၁၂နာရီက စတင်၍ မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမ ပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်တတိယနေ့စာမေးပွဲကို မတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီက အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (စတုတ္ထနေ့)ကို မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ၊ တိုင်းဒေသကြီး လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦး တက်ရောက်ကြသည်။

ကျောက်ပန်းတောင်းမြို့၌ အခြေခံအင်္ဂလိပ်စကားပြောနှင့် ကိုရီးယားဘာသာစကားပြောသင်တန်းများ သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးလျက်ရှိသည့် အခြေခံအင်္ဂလိပ်စကားပြောနှင့် ကိုရီးယားစကားပြောသင်တန်းများ သင်တန်းဆင်းပွဲကို မတ် ၃၁ ရက်နေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့၌ ရပ်ကွက်၊ ကျေးရွာ ၁၀ ခု၌ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာ ငွေ ၇၇၂၅ ကျပ်ဖြင့် စားအုန်းဆီ ၂၉၉၄ ပိဿာ ရောင်းချပေး

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာ ၁၀ ခုအတွင်းရှိ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာငွေ ၇၇၂၅ ကျပ်ဖြင့် စားအုန်းဆီ ၂၉၉၄ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနသည် နွေရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို မတ် ၃၁ ရက် နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့် ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးကြသည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့သင်ကြားပေးလျက်ရှိသော အခြေခံအင်္ဂလိပ်စာနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် အခမဲ့သင်ကြားပေးလျက်ရှိသော အခြေခံအင်္ဂလိပ်စာနှင့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး