စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဆည်မြို့နယ်တွင် အသိပညာပေးဟောပြော လက်ကမ်းစာစောင်များဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ် (၂) အခြခံပညာအထက်တန်းကျောင်း၊ ရွှေသရဖီခန်းမ၌ ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။