ချမ်းအေးသာစံမြို့နယ်တွင် အခြေခံပညာကျောင်းများရှိ KG ကလေးများအား အာဟာရကျွေးမွေး
ချမ်းအေးသာစံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းကာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ KG ကလေးများအား အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက်က အထက(၂၂)ကျောင်းတွင် ကျင်းပသည်။