မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး (၂၆)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၊ ဒုတိယနေ့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး

(၂၆)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို စက်တင်ဘာ ၉ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ  အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)တွင် ဒုတိယနေ့အဖြစ်ဆက်လက်ကျင်းပခဲ့သည်။

သာစည်မြို့နယ် အ.ထ.ကမယ်ဇလီကန်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနကဦးစီး၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ် (Kaeru Caravan) ကို စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီခွဲက သာစည်မြို့နယ် လှိုင်းတက်ကျေးရွာအုပ်စု အ.ထ.ကမယ်ဇလီကန်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများ ဆက်လက်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်၊ ပုညနန္ဒာဓမ္မာရုံတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဥ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၉  နာရီခွဲက ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်ရှိ စက်တင်ဘာ ၉ ရက်နေ့နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဇိနမာန်အောင်ဓမ္မာရုံ၌လည်းကောင်း စက်တင်ဘာ ၁၀ ရက်နေ့နံနက်ပိုင်း ၉ နာရီမှစ၍ (ဇ)ရပ်ကွက်၊ ဓမ္မသုခဓမ္မာရုံ၌လည်းကောင်း၊ (ဈ)ရပ်ကွက် စက်မှုဗိမာန်၌လည်းကောင်း မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်

လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကျောက်ဆည်မြို့နယ်အတွင်း မြို့ဝင်/မြို့ထွက်နေရာများနှင့် လမ်းဆုံလမ်းခွများတွင် စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီကစစ်ဆေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် ကူမဲမြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆက်လက် သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

စည်သာကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း (၂ဝ၂၅-၂၀၂၆ ) ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စည်သာကျေးရွာ အဝင်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ညောင်ဦးမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာ  ၉ ရက်နေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

မဟာအောင်မြေမြိုနယ် မီးသတ်ဦးစီးဌာနတွင် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ မြို့နယ်မီးသတ်ဦးစီးဌာနသို့ လာရောက်လေ့လာကြည့်ရှု

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်‌မြေမြို့နယ်တွင် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မီးသတ်ဦးစီးဌာနရှိ မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ ရှာဖွယ်ကယ်ဆယ်ရေးသုံးပစ္စည်းများအား စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် တောင်နောက်ကျေးရွာတွင် ခြင်ဆေးခွေမီးထွန်းရာမှ မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ တောင်နောက်ကျေးရွာတွင် စက်တင်ဘာ ၁၀ ရက်နေ့နံနက် ၁၀ နာရီခန့်က ခြင်ဆေးခွေမီးထွန်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး