မန္တလေးတိုင်းဒေသကြီး

ချမ်းအေးသာစံမြို့နယ် အမှတ်(၇)အ​ခြေခံပညာအလယ်တန်းကျောင်းတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၇)အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူ၊ ကျောင်းသားများအား ခရိုင်အဆင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့နံနက်  ၁ဝနာရီက မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်ကာ အသိပညာပေးခြင်းများ၊ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင်‌ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့ဝန်ကုန်းကျေးရွာ ဓမ္မာရုံ၌  ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၇)အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်ပြည့်စုံစေရန်အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၇) အခြေခံ ပညာအလယ်တန်းကျောင်းတွင်  စက်တင်ဘာ ၉ ရက်နံနက် ၉ နာရီခွဲတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် ကူမဲမြို့တွင် မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းဆက်လက် သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရော နစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှုသရုပ်ပြသခြင်းကို စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီက  ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ စုတောင်းရဘုရားမ္မာရုံအတွင်း၌ စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြင်းခြံမြို့၌ ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၅) ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၅) ကို စက်တင်ဘာ ၉ ရက်နေ့နံနက် (၉) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် ဆင်တိုင်းကန်ကျေးရွာအုပ်စု၌ မြန်မာအီလက်ထရောနစ် မဲပေးစက် အသိပညာပေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးမှုသရုပ်ပြခြင်းများကို စက်တင်ဘာ ၈ ရက် မွန်းလွဲ (၂) နာရီက ဆင်တိုင်းကန်ကျေးရွာအုပ်စု၊ ဆင်တိုင်းကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး) ကျောင်းဆင်းနှုတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်ရှိ  စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပုသိမ်ကြီး)၏ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဆင်းနှုတ်ဆက်ပွဲ အခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဒုတိယဦးစီးမှူး ဒေါ်နီလာသန်း၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြစ်သားမြို့နယ် ကူမဲမြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာ ဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်း သပ်မဲပေးမှုသရုပ်ပြသခြင်းကို စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီက ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး