မန္တလေးတိုင်းဒေသကြီး

မန္တလေး Sky Villa Condo ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသော မိသားစုများအား ဂရုဏာကြေးပေးအပ်

၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် Sky Villa Condo ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသော မိသားစုများအား ဂရုဏာကြေးပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ ၈ ရက် မွန်းလွဲ ၂ နာရီက မန္တလေး၊‌ အောင်‌မြေသာစံမြို့နယ်၊ နန်း‌တော်ရှေ့ရှိ ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌  အသက်(၈၅)နှစ်အထက် ဘိုးဘွား ၂၆၇၄ ဦးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ်သိန်း ၈၀၀ ကျော်ထုတ်ပေးမည်

‎မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ဘဏ္ဍာနှစ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ ထုတ်ပေးသွားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောက်ဆည်မြို့ ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများ ကြည့်ရှု

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၈ ရက်က  ကျောက်ဆည်မြို့ ဆည်တော်နံရွှေမုဋ္ဌောစေတီတော် ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း လုပ်ငန်းများအား ကြည့်ရှုခဲ့သည်။

မြန်အောင်ခရိုင် အမျိူးသမီးရေးရာအဖွဲ့မှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ်ပြသခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အ.ထ.က(၁)မြန်အောင်ခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဗီဒီယိုကလစ် ပြသခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၈ ရက်နေ့ နံနက်(၉)နာရီက ကျောက်ဆည်မြို့ ရွှေစေတီဘုန်းကြီးဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို စက်တင်ဘာ ၈ ရက်နေ့က ကျင်းပသည်။

မန္တလေးပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားပြိုင်ပွဲများမှဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မန္တလေးပညာရေးဒီဂရီကောလိပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားပြိုင်ပွဲများမှဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၇ ရက် ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားခန်းမတွင်ကျင်းပခဲ့သည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် ဒုတိယအကြိမ် အဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် အဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်၊ နံနက် ၁၀ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြသခြင်းကို စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီက  မြစ်သားမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး