မန္တလေးတိုင်းဒေသကြီး

ညောင်ဦးမြို့နယ်၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုစုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၆)၊တက်သိမ်းမြောက်ရပ်ကွက်ရှိ ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး မျက်စိဆောင်ခန်းမ၌ စုပေါင်းသွေးလှူဒါန်းသည်။

ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက်ရည်ရွယ်ကာ  ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊  အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူတမ္ဗခန်းမတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဥ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို  ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က ခွဲ (၅)တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ.ထ.ကခွဲ(၅)တွင် ယနေ့နံနက်ပိုင်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အထက်တန်း၊အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့တွင် ဝါတွင်းကာလသီတင်းပတ်တိုင်း ရပ်ကွက်ကျေးရွာများ၌ ဆွမ်းလောင်းလှူပွဲများဖြင့် စည်ကား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးရှိ ဆွမ်းလောင်း ဓမ္မာရုံများ၌ ဝါတွင်းကာလ ဆွမ်းလောင်းလှူပွဲများကို ဥပုသ်သီတင်းပတ်တိုင်း စည်ကားသိုက်မြိုက်စွာ လောင်းလှူကုသိုလ် ယူလျက်ရှိကြသည်။

ပုဂံမြို့ မြင်းကပါကျေးရွာ မနုဟာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ မြင်းကပါကျေးရွာ မနုဟာမင်းကြီးကောင်းမှုတော် မနုဟာဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို  ဆွမ်းသပိတ်လုံးလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်ကြီးရင်ပြင်တော်၌ တော်သလင်းလပြည့်နေ့ ယနေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေး

ရမည်းသင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် ခရိုင်၊မြို့နယ်ကော်မရှင်အဖွဲခွဲများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက  ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်၌ မိုးစပါး (၅၂၈၁၇) ဧကလျာထားပြီး စိုက်ပျိုးလျက်ရှိရာ (၅၂၃၃၄) ဧက စိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ကျေးရွာပေါင်း(၇၆)ရွာ၊ တိုက်နယ်(၁၂)ခု၊ ကွင်းပေါင်း (၂၂၃) ခုတွင် မိုးစပါး (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးရာ (၅၂၃၃၄)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် မြေစာရင်းဦးစီးဌာနမှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရံကြီးဘုရားမြောက်ဘက်မုခ်ရှိ ရုပ်ပွားတော်မြတ်အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နရသူမင်းကြီး တည်ထားကိုးကွယ်တော်မူခဲ့သော ဓမ္မရံကြီးဘုရားမြောက်ဘက်မုခ်လိုဏ် အတွင်းပူဇော်ခံထားရှိသော ရုပ်ပွားတော်မြတ်အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း ရေစက်ချမင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၆ ရက်နေ့ နံနက် ၅ နာရီခွဲက ကျင်းပခဲ့သည်။

မန္တလေးမြို့ မူဆယ်လူမှုကူညီရေးအသင်း စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေးချမ်းအေးသာစံမြို့နယ်၊လမ်း(၈၀)ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ ၆ရက် နံနက် ၆ နာရီကပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး