မန္တလေးတိုင်းဒေသကြီး

(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့်(၆၁)နှစ်မြောက်မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၉)နာရီက ကျောက်ဆည်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားများ ဆက်လက်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁၃)  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ချယ်ရီစူပါစိမ်းခန်းမတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာလုပ်ငန်းစဥ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို  ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပခဲ့သည်။

ကျောက်ပန်းတောင်းမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ ဓာတ်ခွဲခန်းအဆောင်တွင် ပြုလုပ်ခဲ့သည်။

တံတားဦးခရိုင်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုအားဖြင့်  စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

၂၀၂၅-ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် တံတားဦးခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီက တံတားဦးမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆေးကုသဆောင်၌ ကျင်းပကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၁၉)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ် စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၁၉)ကြိမ်မြောက် ပန်းချီ၊ ပန်းပု လက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင် နှင့် ပြဇာတ် စင်တင် တင်ဆက်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်တွင် ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့မှ ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ အတွေ့အကြုံ စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရတနာပုံတက္ကသိုလ် အားကစားခန်းမတွင် ကျင်းပသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးခြင်းပြုလုပ်

မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြ မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ကိုးနာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ အကွက်(၄၉၂)၊၂၃လမ်း၊ ၅၄ A လမ်းရှိ သရပ်ကုန်ရပ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ ဗုဒ္ဓစွယ်တော်တိုက်သို့ လှူဒါန်းမည့် အောင်မြန်မာချိုမင်္ဂလာဆင်ရတနာလွှဲအပ်ပွဲ ပြုလုပ်

သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ဗုဒ္ဓစွယ်တော်တိုက်တွင် လိုအပ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်လှည့်လည်ပူဇော်ပွဲအခမ်းအနားတွင် ဗုဒ္ဓစွယ်တော်မြတ်အား ပင့်ဆောင်ရာတွင် အသုံးပြုမည့်  "အောင်မြန်မာချို" မင်္ဂလာဆင်ရတနာအား မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးဆရာတော်ထံလွှဲအပ်ပွဲအခမ်းအနားကို  ယနေ့နံနက် ၈ နာရီက မန္တလေး အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက် (၅၁) ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးရှိ ကျွန်းကျောင်းတော်ကြီး၌ ကျင်းပသည်။

ပုပ္ပါးတောင်ကလပ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဘိုးတော်ထွက်ပွဲ  ယုံကြည်ကိုးကွယ်သူများဖြင့် စည်ကား

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်တောင်းမြို့နယ်ရှိ ပုပ္ပားတောင်ကလပ်တွင် ဒေသတွင်းအထင်ကရပွဲတစ်ခု ဖြစ်သည့် ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲ(ခေါ်) ဘိုးတော်ထွက်ပွဲကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရာ ယခုနှစ်တွင် တောင်ကလပ်တောင်ပေါ်၌ အတီးအမှုတ်၊ အကအခုန်များ ထည့်သွင်းကျင်းပနိုင်ခြင်းမရှိသော်လည်း နှစ်စဉ်အဓိဋ္ဌာန်ဝင် လာရောက်လေ့ရှိကြသည့် ယုံကြည်ကိုးကွယ်သူများ၊ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲများကို အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ရာ အထက်တန်း၊ အလယ်တန်း၊  ကျောင်းသား/ကျောင်းသူများပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး