မန္တလေးတိုင်းဒေသကြီး

ကျောက်ဆည်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အား မဲဆန္ဒရှင်များအား အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်  ပါတီစုံဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲနှင့်ပတ်သတ်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့်မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်း ပြည့်စုံစွာ သိရှိနိုင်ရေးနှင့်လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာအသိပညာပေး ရှင်းလင်းခြင်းနှင့်  လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်ဆည်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်နှင့် မန္တလေးမြို့အတွင်းရှိ ပညာရေးဝန်ထမ်းများ ​တွေ့ဆုံပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ (၄) ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်းတွင် ကျင်းပသည်။

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင် ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများမှ မြို့ပေါ်(၆)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များအား ယနေ့ နံနက်(၉)နာရီက စတင်ပြီး လစဉ်ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းကို ဆောင်ရွက်ပေးကြောင်းသိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၀) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

မြစ်သားမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒ‌မဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လွယ်ကူစွာဆန္ဒမဲပေးတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အကြောင်းအသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးမှု သရုပ်ပြသခြင်းကို စက်တင်ဘာ ၄ ရက် နံနက် ၉နာရီက  မြစ်သားမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်သည်။

အမရပူရမြို့နယ်ရှိရတနာပုံတက္ကသိုလ်၌ ပါမောက္ခချုပ်နှင့်နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများတွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန ရတနာပုံတက္ကသိုလ်တွင်  ပါမောက္ခချုပ်နှင့် ၂၀၂၄-၂၀၂၅ ပညာင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စတုတ္ထအကြိမ်စာတမ်းဖတ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ လစဉ်စာတမ်းဖတ်ပွဲကို ကျင်းပလျက်ရှိရာ စတုတ္ထအကြိမ် စာတမ်းဖတ်ပွဲကို  စက်တင်ဘာ ၄ ရက် နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။

တံတားဦးမြို့နယ်တွင် အိမ်ဆိုင်နှင့် လမ်းဘေးဈေးဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချရေး စစ်ဆေးပညာပေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် လမ်းမကြီးများ ဝဲ/ယာရှိ အိမ်ဆိုင်များနှင့် လမ်းဘေးဈေးအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးပညာပေး ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၃ ရက်နေ့ မွန်းလွဲ (၂) နာရီက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး