မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့ လမ်းမကြီးဘေးရှိ  ဆိုင်ခန်းများ စည်းကမ်းနှင့်အညီရောင်းချရေး အသိပေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအား ခေတ်မီအဆင့်မြင့် မြို့တော်များနည်းတူ သန့်ရှင်းသာယာ လှပရေးနှင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေးအတွက်၊ အဓိကလမ်းမကြီးများဘေး၌ ဖွင့်လှစ်ရောင်းချနေကြသည့်၊ ဈေးဆိုင်များနှင့် အိမ်ဆိုင်များစည်းကမ်းနှင့်အညီ ရောင်းချနိုင်စေရေး အသိပေး ဆွေးနွေးခြင်းကို ဩဂုတ်၂၇ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်သည်။

ချမ်းမြသာစည်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်‌သော ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက အမှတ် (၂၈) အခြေခံပညာအထက်တန်း‌ကျောင်း စူပါစိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သာစည်မြို့နယ် အင်းကုန်းကျေးရွာ၌ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အင်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ အားသစ်မာန်ကုမ္ပဏီမှ တည်ထောင်ထားသည့် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသော စာသင်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဩဂုတ် ၂၇ ရက် နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ် ရေးရာ အသိပညာပေးစာပေဟောပြောပွဲကို ယနေ့‌နံနက်၉နာရီခွဲက လွန်ကောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မီမီမြင့်က  အမှာစကားပြောကြားပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက  ဟောပြောပွဲ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ညောင်ဦးမြို့နှင့် ပုဂံမြို့တို့တွင်  လမ်းမကြီးဘေးဈေးဆိုင်များနှင့်အိမ်ဆိုင်များ စနစ်တကျ ရောင်းချမှုရှိစေရေး ဆွေးနွေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၊ ပုဂံမြို့တို့တွင် ရောင်းချလျက်ရှိသော လမ်းမကြီးဘေးဈေးဆိုင်များနှင့်အိမ်ဆိုင်များ ဈေးရောင်းချမှုစနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရ ထာခန်းမ၌ ဩဂုတ် ၂၇ ရက် နံနက် ၁၁ နာရီက ကျင်းပသည်။

မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး  သရုပ်ပြ

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၂၇ ရက်က ချမ်းမြသာစည်မြောက်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

မန္တလေးမြို့တော် သန့်ရှင်းသာယာလှပရေး လမ်းဘေးဈေးဆိုင်များ နှင့် အိမ်ဈေးဆိုင်များ စနစ်တကျရှိစေရေး ဆောင်ရွက်သွားမည်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မန္တလေးမြို့တော်သန့်ရှင်းရမည်၊ သာယာလှပရမည်၊ မြို့တော်နေပြည်သူလူထု စိတ်ချမ်းသာယာရမည် ရည်ရွယ် ချမှတ်၍မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍများအလိုက် လုပ်ငန်းများအကောင်အထည်ဖော်လျက်ရှိရာ လမ်းဘေး ဈေးဆိုင်များနှင့် အိမ်ဆိုင်များ စနစ်တကျရှိစေရေး စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ဩဂုတ် ၂၆ ရက်က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးအတွင်း လမ်းဘေး ဈေးဆိုင်များနှင့် အိမ်ဈေးဆိုင်များ စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

၂၀၂၅ ခုနှစ် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်များ အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်ပွဲနိုင်ရေး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ (ပထမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၂၆) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

​​​​​​​မြိတ်မြို့တွင် လက်ဗွေပုံစံနှိပ်ယူပေးပို့ခြင်းဆိုင်ရာ နည်းစနစ်နှင့် လုပ်ထုံးလုပ်နည်းများ သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ လက်ဗွေပုံစံ နှိပ်ယူပေးပို့ခြင်းဆိုင်ရာ နည်းစနစ်နှင့် လုပ်ထုံးလုပ်နည်းများသင်တန်းကို မြိတ်တက္ကသိုလ်တွင် ဩဂုတ်လ (၂၇) ရက်နေ့ နံနက် (၉) နာရီခွဲက ဖွင့်လှစ်ခဲ့သည်။

အမရပူရမြို့နယ်၌ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပိန်းတန်းအခြေခံပညာမူလတန်းကျောင်းနှင့်ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလေးများ စာကြည့်တိုက်နှင့်ယဥ်ပါးစေရန် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်စဥ်ဖြင့် ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး