မန္တလေးတိုင်းဒေသကြီး

အမရပူရမြို့နယ်၌ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပိန်းတန်းအခြေခံပညာမူလတန်းကျောင်းနှင့်ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူလေးများ စာကြည့်တိုက်နှင့်ယဥ်ပါးစေရန် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်စဥ်ဖြင့် ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ် အနောက်ရေဖျားတောကျေးရွာ၌ ငှက်ပျောခြံများ ကောင်းမွန်ပြီး ဈေးကောင်းရရှိသဖြင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် လယ်မြေများတွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ကိုင်းကျွန်းမြေနှင့်ယာမြေများ၌ ကြက်သွန်၊ ငရုပ်၊ မြေပဲ၊ နှမ်း၊ ဝါ၊ကုလားပဲ၊ ငှက်ပျော စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ အနောက်ရေဖျားတောကျေးရွာ၌ စိုက်ပျိုးထားသောငှက်ပျောခြံများ ကောင်းမွန်ပြီး ရောင်းချရာတွင်ဈေးကောင်းရသဖြင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ဧက ၈၀၀ စိုက်ပျိုးပြီးစီး 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ဧက ၈၀၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မဟာအောင်မြေမြို့နယ် ရွှေဘုန်းရှိန်ရပ်ကွက် ဇမ္မူအေးဓမ္မာရုံ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ

‎‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ဩဂုတ် ၂၇ ရက်က ရွှေဘုန်းရှိန်ရပ်ကွက် ဇမ္မူအေးဓမ္မာရုံ၌ ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးထားရှိသည့် ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးသီးနှံဖြစ်သည့် ပဲစဉ်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အကူအညီဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်  ဓာတ်မြေသြဇာဝယ်ယူမည့် ကျေးရွာအုပ်စု(၂၄)စုမှ ကျေးရွာ  တောင်သူများ တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာအုပ်စု(၂၄)စုသို့ မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓာတ်မြေ သြဇာ ဝယ်ယူမည့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။

မိတ္ထီလာ၌ ကျောင်းသူကျောင်းသားများအား ပထမအကြိမ်အာဟာရကျွေးမွေး

မိတ္ထီလာ၌မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအား ပထမအကြိမ်အာဟာရကျွေးမွေးခြင်းကို အလက(လေ့ကျင့်ရေး)၌ ‌ဩဂုတ်၂၆ ရက်က ဆောင်ရွက်သည်။

မိတ္ထီလာတက္ကသိုလ်၌ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကွယ်ရေး အသိပညာပေး

မိတ္ထီလာတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကွယ်ရေး အသိပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဝန်ဇင်းခန်းမတွင် ကျင်းပသည်။

မန္တ‌လေးမြို့ KBZ Center (Mandalay)သို့ အလှူငွေပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်ရှိ KBZ Center (Mandalay)သို့ မြတ်ဖောင်ဒေးရှင်းမှ အလှူငွေကျပ်သိန်း ၃၀ ပေးအပ်လှူဒါန်းပွဲကို ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။

မိတ္ထီလာမြို့ ဒေသခံပြည်သူများ  မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းကျင်းပသည့် မြို့ပေါ်ရပ်ကွက်များနှင့် ရှမ်းတဲတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု (၉)အုပ်စုတို့မှ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးခြင်းအခမ်းအနားကို သြဂုတ် ၂၆ ရက် နံနက် ၉နာရီခွဲက  သီရိမင်္ဂလာရပ်ကွက် အောင်မင်္ဂလာခန်းမတွင်  ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး