မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ် အခြေခံပညာမူလတန်းကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊  ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကို ဦးဆောင်ကာ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက အခြေခံပညာမူလတန်း‌ ကျောင်းများရှိ Kg ကျောင်းသား‌၊‌  ကျောင်းသူများအား ယနေ့နံနက် (၉) နာရီမှ စတင်၍ အာဟာရကျွေးမွေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) အစည်းအဝေးခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ​ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ (Community Center) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) အစည်းအဝေးခန်းမတွင် စွမ်းရည်မြှင့်ပြိုင်ပွဲများ ကျင်းပ

ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အတွေးအခေါ်များ မြင့်မားစေရေးတို့အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၅) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့ ပူးပေါင်းကျင်းပကာ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Center) အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

ညောင်ဦးမြို့နယ်အတွင်း ဖြန့်ချိရောင်းချလျက်ရှိသော ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း ဖြန့်ချိရောင်းချလျက်ရှိသော ရေသန့်စက်ရုံများသို့ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းအား ယမန်နေ့နံနက် ၇ နာရီအချိန်က ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အ-ထ-က(ခွဲ)(၂၉)ကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် အာဟာရကျွေးမွေး

မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အ-ထ-က(ခွဲ)(၂၉) ကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ယမန်နေ့နံနက်ပိုင်းက အလှူရှင်များက KG အတန်းမှ G-13 ထိ အာဟာရ ကျွေး‌မွေးခဲ့သည်။

အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် မိုးရာသီအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ        

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးရာသီအားကစား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲခန့်က အစိုးရနည်းပညာ အထက်တန်းကျောင်း(မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

‎မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊မဟာအောင်မြေမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့က  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ညောင်ဦးခရိုင်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုများနှင့်စပ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဩဂုတ်လ(၂၂)ရက်နေ့နံနက် ၉ နာရီအချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် အခြေခံသမဝါယမအသင်းသား(၁၆၂)ဦး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး(၁၀၃၃)ဧက စိုက်ပျိုးထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊ မြောင်း၊ ချောင်း၊ ကန်ပေါများပြီး ဆန်စပါးကို အဓိထားစိုက်ပျိုးလျက်ရှိရာ မိုးသီးနှံရာသီ၌ အခြခံသမဝါယမအသင်း(၇)သင်းမှ အသင်းသားတောင်သူ(၁၆၂)ဦး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါး(၁၀၃၃)ဧက  စိုက်ပျိုးထားရှိကြောင်း သိရသည်။  

ပြည်ကြီးတံခွန်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၅၃)လမ်း၊ ၁၄၂×၁၄၃ကြားရှိ Grand Royal အရက်ချက်စက်ရုံတွင် ယနေ့ နံနက် ၉ နာရီက မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး