ပျော်ဘွယ်မြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ဇီဝအချက်အလက်ဆိုင်ရာများကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၄ ရက်က ပေပင်လေးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်သည်။