မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြော‌ပွဲကျင်းပ

လူငယ်ကဏ္ဍကိုမြှင့်တင်‌စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့‌နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ‌‌အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တွင် ကျင်းပရာ ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက  ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ပြင်ဦးလွင်မြို့နယ်တွင် Green Challenge Association၏ ၂၀၂၅ ခုနှစ် သတ္တမအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ဥတုရာသီ  ဂေဟစနစ်ကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန်နှင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်၀န်းကျင်စိမ်းလန်းစိုပြည်သာယာစေရန် ရည်ရွယ်၍ Green Challenge Associationမှ ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင်နှင့်မြန်မာစာပေ ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းတို့ ဦးဆောင်၍ လင်းလက်ကြယ်စင်ဟိန်း ကိုယ်ပိုင်အထက်တန်း ကျောင်းတို့ပူးပေါင်းကာ ၂၀၂၅ ခုနှစ် သတ္တမအကြိမ်မြောက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျန်စစ်သားကျောင်း၊ လယ်ပြောင်းပြန်ကျေးရွာတွင် ကျင်းပခဲ့သည်။

အမရပူရမြို့နယ်အတွင်း စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း သီးနှံဆယ်မျိုး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်  စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး သြဂုတ်လ ၁၉ ရက်နေ့က စတင်ပြီး တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

‎မဟာအောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း( Book Club) ‎စာဖတ်ဝိုင်း ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူများအသင်း( Book Club) စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲပိုင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ စကားရည်လုပြိုင်ပွဲ ဆက်လက်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် စကားရည်လုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြိုင်ပွဲဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် Bright.kids ကိုယ်ပိုင်မူလတန်းကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေး‌ ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေး အသိပညာပေးဟာ‌ပြောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က Bright.kids ကိုယ်ပိုင်မူလတန်းကျောင်းတွင် ကျန်းမာ‌ရေးစစ်‌ဆေးဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ဧက (၃၅၆)ဧကအတွက် တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ဆက်လက်ထုတ်ချေးပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ဧက (၃၅၆) ဧကအတွက် လမ်းဂွကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများအား ယနေ့နံနက် ၉ နာရီခွဲက အဆိုပါဘဏ်ခွဲ၌ စိုက်ပျိုးစရိတ်များ ဆက်လက်ထုတ်ချေး‌ပေးခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာရှိ အမှတ် (၁၈) အခြေခံပညာ မူလတန်းကျောင်း၌ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာရှိ အမှတ်(၁၈) အခြေခံပညာ မူလတန်းကျောင်း၌ ပြပွဲ၊ ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇင်မင်းထွန်းနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးဒေါ်နွဲ့နွဲ့ရီနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ကျောင်းအုပ်ကြီးများ၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရမည်းသင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအတွက် ​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇီဖြူကုန်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် မဟာပျိုးခင်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘောလုံးပြိုင်ပွဲကျင်းပ

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ် သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲကို မဟာပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘောလုံးကန်နည်း အခြေခံကျွမ်းကျင်မှု၊ အသင်း၏စည်းလုံးညီညွတ်မှု၊ ဂိုးသွင်းမှုစွမ်းရည်စသည်များကို သိရှိနားလည်ပြီး အောင်မြင်သည့်ဘော လုံးအားကစားသမားကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ် ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး