မန္တလေးတိုင်းဒေသကြီး

ရမည်းသင်းမြို့နယ် သင်းရတနာခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲနှင့်စာအုပ်ပြပွဲ ကျင်းပ

ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက အ​ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၇) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ဘောလုံးအားကစား ပြိုင်ပွဲစတင် ဖွင့်လှစ်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတွင် ယ‌မန်နေ့ ညနေပိုင်းက ကျောင်းကောင်စီမှ ကြီးမှူး၍ ကျင်းပသော ဘောလုံးအားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အခြေခံပညာကျောင်းများတွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ KG ကျောင်းသား၊ ကျောင်းသူများ ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကာကွယ်ဆေး (Oravacs) တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက စတင်ကာ အခြေခံပညာ ကျောင်းများတွင် စတင်တိုက်ကျွေးခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ် ဒေသတွင်းစားသုံးဆီဖူလုံရေး မိုးနှမ်းသီးနှံများ စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပန်းခွာကျေးရွာတွင် မိုးနှမ်းသီးနှံ ၂၆ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ တိုက်နယ်(၁)အုပ်စုတွင် ကျေးရွာအုပ်စု(၇)စုပါဝင်ပြီး ပန်းခွာကျေးရွာအပြင် ကျီးပြကျေးရွာအုပ်စု၌ (၆၉) ဧက၊ သင်ပျိုကျေးရွာအုပ်စု၌ (၁၀၇)ဧက၊ ကျီးအိပ်ကျေးရွာအုပ်စု၌ (၁၃၅)ဧက၊ ဒွေးလှကျေးရွာအုပ်စု၌ (၃၅)ဧက၊ ငါးဆူကျေးရွာအုပ်စု၌ (၁၄၀)ဧက၊ ရှားပင်ကျေးရွာအုပ်စု၌ (၁၀၃)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်း ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံဆွေးနွေး

ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌနှင့် အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းအုပ်ကြီးများ တွေ့ဆုံပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း၊ ဉာဏခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ (ဒုတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

‎‎မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ (ဒုတိယ) အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ (၂၀) ရက်နေ့က URC အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ဆေးပညာစွမ်းရည်မြှင့်တင်ရေး  မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေး

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဆေးပညာဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ (Capacity Building Workshop for Clinical Faculty: Implementation of Outcome based Integrated Curriculum) ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက မန္တလေး ချမ်းအေးသာစံမြို့နယ်ရှိ ဆေးတက္ကသိုလ်-မန္တလေး၏ မန်းရတနာပုံခန်းမ၌ ကျင်းပသည်။

အမရပူရမြို့နယ်တွင် အင်ဂျင်ဝိုင်အဟောင်းချက်ရာမှ မီးလောင်မှုဖြစ်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် စာတိုးကြီးကျေးရွာတွင် ယနေ့ မွန်းလွဲ ၃နာရီခန့်က မီးလောင်မှုဖြစ်ပွားရာ တပ်မတော်သားများ၊ မြစ်ငယ်မြို့နယ်ရဲစခန်းမှူး ရဲအုပ် လှကြိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်မျိုးထက်နှင့်  မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။

ဘုတ်ပြင်းမြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကျင်းပ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး မြို့နယ်ဂုဏ်ဆောင် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်လာစေရေး လူငယ်လူရွယ်များ အားကစားအပေါ် စိတ်ပါဝင်စားမှုရှိစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို ယနေ့နံနက်က မြို့နယ်အားကစားခန်းမတွင် ကျင်းပလျက်ရှိကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး