မန္တလေးတိုင်းဒေသကြီး

ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျောင်းတွင်း အဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ်  ကျောင်းတွင်းအဟာရကျွေးမွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျင်းပသည်။

အမရပူရမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ ၁၁ နာရီက အမရပူရမြို့နယ် စာရေးဆရာအသင်းနှင့် အောင်မြေသာစံ စာရေးဆရာအသင်းတို့ပူးပေါင်းပြီး စာရေးဆရာ မြသန်းတင့်ရေးသားသည့် ဧကရီဖွားစောစာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအလယ်တန်းကျောင်း အမှတ်(၅)၌ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် အခမ်းအနားကျင်းပ

ပျော်ဘွယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ အထွက်နှုန်းကောင်းပြီးဈေးနှုန်း အနည်းငယ်ကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုမိုးတွင်းအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများ အထွက်နှုန်းကောင်းပြီး  ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

အမရပူရမြို့နယ် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်များ လာရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ကျေးရွာစာကြည့်တိုက်များအတွက် အောင်မြေသာဇံစာရေးဆရာအသင်းမှ စာရေးဆရာဒေါက်တာခွန်စိုးမိုးရေးသားသည့် နှလုံးရောဂါနှင့် လေဖြတ်ခြင်းမဖြစ်စေရစာအုပ်များ လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။

မြစ်သားမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွားထိုးကြီးမြို့နယ်(ယာယီရုံးခွဲ)ဖြစ်သော မြစ်သားမြို့နယ် မြို့မ KC စင်တာတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ အဓိကသီးနှံ (၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိ‌ရေး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပညာပေးသင်တန်းကို ယမန်နေ့နက်ပိုင်းက အဆိုပါ နွားထိုးကြီးမြို့နယ် (ယာယီရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နိုင်ငံတောအတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာ‌စေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်း‌ကျောင်း (တောမ)တို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀နာရီ ၃၀ မိနစ်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

သာစည်မြို့နယ်၌ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်း အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေးညှိနှိုင်းအစည်းအဝေး၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး