မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်တွင် နွားကူးကြီးကျေးရွာအနီး ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃)သိန်း ငါးမျိုးစိုက်ထည့်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် နွားကူးကြီးကျေးရွာအုပ်စု ရေအေးဆိပ်ကျေးရွာအနီးရှိ ပန်းလောင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၃)သိန်း ငါးမျိုးစိုက်ထည့်ပေးခြင်းကို ယမန်နေ့နံနက်(၇)နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။     

စဉ့်ကိုင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းထူထောင်မည့်သူ (၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင် စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေများ တိုးပွားရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင် စံပြကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းတည်ထောင်မည့်သူ (၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာ သင်တန်းဆင်း

မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြ‌ကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် ကျောက်ဆည်ခရိုင်၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျောက်ဆည်မြို့နယ်၊ မယ်ဇယ်ပင် စံပြကျေးရွာတွင် စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းထူထောင်မည့်သူ(၅)ဦးအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယ‌နေ့နံနက် ၁၀ နာရီက စဉ့်ကိုင်မြို့နယ် ထန်းသုံးပင်စံပြကျေးရွာ၌ ကျင်းပသည်။

ရတနာပုံတက္ကသိုလ်၌ ကမ္ဘာ့ခရီးသွာနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (United Nations World Tourism Organization-UNWTO) သည် နှစ်စဉ် စက်တင်ဘာ ၂၇ရက်ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင် ကမ္ဘာ့နိုင်ငံများတွင် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိရာ အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ် အဆောင်-၂၂ ၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် စာစီစာကုံး (အင်္ဂလိပ်ဘာသာ)ပြိုင်ပွဲကို ဩဂုတ် ၁၅ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ပြင်ဦးလွင်မြို့ ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန် နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကိုမြှင့်တင်‌စေရန်ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက်၉နာရီခွဲက ဆင်လမ်း အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ကျောက်ဆည်မြို့နယ်တွင် အခွန်ပညာပေးဆွေးနွေးပွဲ ကျင်းပ

နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်များ အပြည့်အဝကောက်ခံရရှိရေး၊ အခွန်ထမ်း ပြည်သူများ အခွန်ကို လိုလားကြည်ဖြူစွာ ထမ်းဆောင်လာစေရေးအတွက် အခွန်ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့ Community Centre ၌ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သု့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြပွဲ၊ ပြိုင်ပွဲများနှင့်အသိပညာပေး ဟောပြောပွဲများကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၌ မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၄/၁၅၄၈)၊ ဦးပိုင် အမှတ် (၁၈၁)၊ တောင်သူ ဦးကြည်တင်၏ လယ်မြေ (၂) ဧကတွင် ယနေ့နံနက် ၈နာရီခွဲက တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါး (အောင်နိုင်တိုး)စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်အဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်သည်။

ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်ကွက်(ဗိုလ်ချုပ်လမ်း) ကွန်ကရစ်လမ်းသားတိုးချဲ့ 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် လွတ်လပ်ရေးရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး