မန္တလေးတိုင်းဒေသကြီး

မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ CEA ကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စားပွဲတင် တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ဒုတိယပညာသင် ကာလ) နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် (ပထမပညာသင်ကာလ) သင်တန်းနှစ်အသီးသီးအတွက် ဘာသာရပ်ပေါင်းစုံမှ စားပွဲတင် တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲများ ကျင်းပခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အ.ထ.က ပုသိမ်ကြီး၌ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး ဆက်သွယ်ရေးလိမ်လည်မှုတိုက်ရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇ္ဗူခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအားငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်ဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒေသခံပြည်သူများအား ငွေများအားပေးအပ်ခြင်းကို ယ‌နေ့နံနက်ပိုင်းက ရွှေသူဌေးရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့ Community Centre ခန်းမ၌ စာအုပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေးမြို့ စာရေးဆရာကြီးများမှ ဦးဆောင်၍ စာကြည့်တိုက်များအတွက် စာအုပ်များ လှူဒါန်းခြင်း အခမ်းအနားကို ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၊ အင်းကုန်းကျေးရွာ “ဘဝအလင်းစာကြည့်တိုက်”၌ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင် ပြပွဲများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် အင်းကုန်းကျေးရွာ “ဘဝအလင်းစာကြည့်တိုက်”၌ ယမန်​‌နေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ  ပြသပွဲကို  ကျင်းပခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့ အမှတ်(၂) ရပ်ကွက်အတွင်း ကျောက်ရိုးစီရေမြောင်းလုပ်ငန်းဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိသည့် အမှတ်(၂) ရပ်ကွက်အတွင်းရှိ ကျောက်ရိုးစီရေမြောင်းလုပ်ငန်းအတွက် ကျောက်စုဆောင်းထားရှိမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက ယနေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိရေး ဖျောက်ဆိပ်ကျေးရွာအဝင်လမ်းအား ကွန်ကရစ်ခင်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြိုပြနှင့်ကျေးလက်ကွာဟမှု မရှိစေရေး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဖျောက်ဆိပ် ပင်ကျေးရွာ အဝင်လမ်းအား ကွန်ကရစ်လမ်းအဖြင့် အဆင့်မြှင့်တင်ပေးလျက်ရှိရာ (၂၅) ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း သိရသည်။

လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ကျောက်ဆည်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား၊ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများနှင့် ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး