မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါအောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်

ပျော်ဘွယ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသည့် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ စတင်ခူးဆွတ်နေမှု မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ ညနေပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကန်သာအေး-အောင်သာလမ်း မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်  ကန်သာအေး-အောင်သာလမ်းဌာနမှ စက်ယန္တရားသုံး၍ မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက သြဂုတ်လ ၁၁ ရက်နေ့က   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ယူနီဆက်ဖ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Yasumasa Kimura အား ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့် မဟာမုနိဘုရားကြီး သာသနာ ၂၅၀၀ ဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရန် ပန္နက်တော်တင်  

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့်  မဟာမုနိဘုရားကြီးပရိဝုဏ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်ကြီးအား အသစ်ပြန်လည်တည်ဆောက်ခြင်းအတွက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ဩဂုတ်၁၂ရက် နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီး တည်နေရာတွင် ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ်တွင် အခွန်ပညာပေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဩဂုတ် ၁၂ ရက်က မြို့နယ်အခွန်ဦးစီးမှူးရုံး၌ ကျင်းပသည်။

ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်အသိပညာပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှကျောင်းသားကျောင်းသူများအား သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောသည်။

ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျောင်းတွင်း အာဟာရကျွေးခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ်  ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်း၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး