မန္တလေးတိုင်းဒေသကြီး

အမှတ် (၃၄)‎အ-ထ-က၌ ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်‌သော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃၄) အခြေခံပညာအထက်တန်း‌ကျောင်း နန်းကေသီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးစစ်ဆေးခြင်း၊ ဘီတာမင်-အေ ဆေးတိုက်ကျွေးခြင်းများကို ယနေ့နံနက်ပိုင်းက သာယာအေးရပ်ကွက်ရှိ လေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပခြင်းနှင့် ဉာဏ်စမ်းသုတ ပြိုင်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပခြင်းနှင့် မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုနေသည့် လူငယ်များပျော်ရွှင်မှုရရှိစေရန်အတွက် ဉာဏ်စမ်းသုတ ပြိုင်ပွဲကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

‎မဟာ‌အောင်မြေမြို့နယ်၌ ဗီတာမင်အေမျက်စိအားတိုးဆေး တိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အ‌လေးအချိန်တိုင်တာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံနှင့် ကျန်းမာရေးဝန်ထမ်းများက  တစင်္ကြာနွယ်စင်ရပ်ကွက် မင်္ဂလာလူငယ်လူမှုကူညီ‌ရေးအသင်းရုံး၌ အသက်(၆)လမှ(၅)အောက် ကလေးများအားလုံးကို ဗီတာမင်အေမျက်စိအားတိုးဆေးတိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အ‌လေးချိန် တိုင်တာခြင်းနှင့်ကလေးမိခင်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်‌ဆောင်မိခင်များ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု (ဒုတိယ)ပတ်ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

 မန္တလေးတိုင်းဒသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်‌ဆောင်မိခင်များ ကျန်းမာ​ရေးအထူး​ကောင်း မွန်ပြီး​မွေးဖွားသည့်က​လေးငယ်များ ကျန်းမာသန်စွမ်း​ပြီး ဉာဏ်ရည်​ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု (ဒုတိယ)ပတ် ကျန်းမာရေးအသိပညာပေး ဟာ‌ပြောခြင်းနှင့်ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် စစ်‌ဆေးဆောင်ရွက်ပေးခဲ့‌ ကြောင်းသိ ရသည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၁၀ နာရီက Capital Taiyo Life Insurance ကုမ္မဏီမှ လာရောက်ပြီး အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်ရှိန် မြှင့်တင်ရေး ကျောက်ဆည်မြို့နယ် အမှတ်(၄)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် (၁၀)နာရီ က အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ ယူရီးယားမြေဩဇာအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးပစ္စည်းဆေးဆိုင်များတွင် ယူရီးယားမြေဩဇာအား ဒေသအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေးအထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က ကျောက်ဆည်၊စဉ့်ကိုင်၊ မြစ်သားမြို့နယ်များ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးမြေများအပေါ်  ကျူးလွန်အသုံးပြုမှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးမြေများပေါ်တွင် ကျူးကျော်မှုများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ကော်ဖီစီမံကိန်းကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။ 
Subscribe to မန္တလေးတိုင်းဒေသကြီး